ရွာငံမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာ တစ်ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

ရွာငံမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာ တစ်ဦး တွေ့ရှိ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးတွင် COVID-19 ပိုးတွေ့လူနာ တစ်ဦး တွေ့ရှိကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အောက်တိုဘာလ ၁၁ ရက်၊ ည ၉ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.

 

အဆိုပါ လူနာမှာ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း အမျိုးသား ဖြစ်ပြီး ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ စစ်ဆေးရေးဂိတ်၌ RDT (အမြန်စစ်ဆေးကိရိယာ) ဖြင့် COVID-19 စစ်ဆေးစဉ် COVID-19  ပိုးတွေ့ ရှိခြင်း ဖြစ်ကာ ၎င်းအား စဝ်စံထွန်း ဆေးရုံ၌ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

.

ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်း သတင်းပေးခြင်း၊ တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ရန် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်းထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About