စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းမှ COVID-19 အတည်ပြုလူနာ များနှင့် ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများကို ယနေ့ အောက်တိုဘာလ
၁ ရက်တွင် ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်၊
ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ အမျိုးသား
၂ ဦးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှ အမျိုးသားတစ်ဦးတို့တွင်
COVID-19
ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ပင်းတယက ကားပေါ် ပါလာတာ ၆ ယောက်ရှိတယ်။ အဲဒါက Quarantine ထဲကို အတူတူ
ရောက်တာ။ သူတို့ ဓာတ်ခွဲနမူနာကို ဒီနေ့ (အောက်တိုဘာ ၁ ရက်) ယူခိုင်းထားပြီ။
စဝ်စံထွန်း PHL ကိုပို့စစ်မှာပါ။ ညောင်ရွှေက ၂ ယောက် ရှိတယ်။ အောင်ပန်းမှာ
နေတဲ့တစ်ယောက်က သူ့မိသားစု Contact
ရပြီ။ သူ့ Contact ကို
ကလောမြို့နယ်က ဓာတ်ခွဲနမူနာယူ ပြီးတော့ ဒီမနက် ပို့လာပြီ။ Quarantine ထဲ ထားထားပြီ။
ညောင်ရွှေက လောလောဆယ်တော့ ၈ ယောက်ပေါ့။ ထပ်ရှိရင်လည်း ရှိနိုင်မယ်။ အဲဒီ ၈ ယောက်
ကိုလည်း ဓာတ်ခွဲနမူနာ ယူနေပြီ Quarantine
ထဲ ထည့်ထားတယ်” ဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန
လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်း သို့ပြောသည်။
.
အောင်ပန်းမြို့ရှိ COVID-19 အတည်ပြုလူနာ၏ မိသားစုဝင်
၅ ဦးနှင့် အိမ်နီးချင်း ၃ ဦးတို့ကိုလည်း Quarantine Center တွင်
ထားရှိထားကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ်တွင် အောက်တိုဘာလ ၁ ရက်ထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၂၉ ဦး ရှိလာနေပြီ
ဖြစ်ပြီး အဆိုပါ လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၄ ဦး၊
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၄ ဦး၊
ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ၇ ဦးနှင့် တပ်မတော်မှ ၄ ဦး တို့ပါဝင်ကာ ၎င်းတို့အနက်
၁၉ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ကြောင်း သိရသည်။
.