မိုင်းတုံမှ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် Test Kit ဖြင့် စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းတုံမှ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် Test Kit ဖြင့် စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သဖြင့် Facilities Quarantine ဝင်ရောက်နေသူ ၃၄ ဦးတို့အား Test Kit ဖြင့် ဒုတိယအကြိမ် စစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးမတွေ့သဖြင့် Home Quarantine အဖြစ် ပြောင်းလဲထားရှိထားကြောင်း သိရသည်။

.

.

အဆိုပါ Quarantine ဝင်ရောက်နေသူများအား အောက်တိုဘာလ ၁၇ ရက်က ပထမအကြိမ်အဖြစ် Rapid Antigen Diagnostic Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက်တွင် ဒုတိယအကြိမ် ထပ်မံ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

.

“သူတို့ကို Home Quarantine ထားပါမယ်။ အားလုံးအိမ်ပြန်ပို့လိုက်ပါပြီ။ မိုင်းပန်က ကားဆရာ ၄ ဦးကိုလည်း  မိုင်းပန် ဆေးရုံနဲ့ညှိပြီး Home Quarantine ထားဖို့ပြောနေပါတယ်။ ပိုးတွေ့လူနာ ကတော့ အခြေအနေကောင်းပါတယ်။ ၂၃ ရက်နေ့ ဆေးရုံဆင်းပါမယ်” ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက ပြောသည်။

.

ထို့အပြင် ကျန်ရှိနေသေးသည့် Secondary Contact ၁၃ ဦးကိုလည်း အောက်တိုဘာ ၂၃ ရက်တွင် PCR ဖြင့် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်ဟု ၎င်းထံက သိရသည်။

.

မိုင်းတုံမှ ရောဂါပိုးတွေ့လူနာ ယာဉ်မောင်းနှင့်ဆက်စပ်နေသည့် မိုင်းဆတ်မှ ပိုးတွေ့လူနာမှာ သက်ဆိုင်ရာမြို့၏ ဆေးရုံတွင် ရှိနေပြီး မိုင်းတုံမှ ပိုးတွေ့လူနာ ကျန်းမာရေးဝန်ထမ်းမှာ ဆီးချိုရောဂါအခံရှိနေသည့်အတွက် ကျိုင်းတုံဆေးရုံကြီးသို့ လွှဲပြောင်းကုသ ထားကြောင်းသိရသည်။

.

မိုင်းဆတ်တွင် ပိုးတွေ့လူနာ အလုပ်သမားနှင့်ထိတွေ့သည့် Secondary Contact ၈ ဦးမှာ အားလုံးပိုးကင်းရှင်းသည်ကို စစ်ဆေးတွေ့ရှိရပြီး Primary Contact ၅၅ ဦး ၏ တို့ဖတ်နမူာများကို အောက်တိုဘာ ၁၆ ရက်က ရယူကာ ကျိုင်းတုံမှတဆင့် တောင်ကြီးသို့ ပေးပို့စစ်ဆေးထားဆဲဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats