COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၀၉၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၃၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၀၆ ခုအနက် ၄ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ ကလော၊ ပင်လုံ၊ အေးသာယာနှင့် မိုင်းဆတ်တို့တွင် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
" ရှမ်းတောင်က ၃ ယောက်ပါ။ အေးသာယာ ၁ ယောက်က အရင် test kit နဲ့ စစ်တုန်းက negative ဖြစ်တဲ့ ယာဥ်မောင်းကို PCR နဲ့ စစ်လိုက်တော့ Positive ဖြစ်တာပေါ့။ ကလောက အမျိုးသမီးကတော့ ရန်ကုန်က ပြန်လာတာ၊ Quarantine ကို တန်းရောက်ပေမဲ့ သူ့အဖေက နန့်ပန်တက်မှာ သွားပြီး ကြိုခဲ့လို့ Quarantine ထည့်ပြီးတော့ စစ်မှာပေါ့။ လွိုင်လင်(ပင်လုံ)က အမျိုးသားကတော့ ရန်ကုန်မှာ ကျောင်းတက်ပြီး ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ ရွာငံလမ်းက ပြန်လာတာ၊ သူနဲ့ အတူ ပြန်လာတဲ့ ကျောင်းသား ၂ ယောက်ပါတယ်။ သူတို့က Quarantine ထဲကို တန်းရောက်သူတွေပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့သည့် ဟိုပုံးမြို့မှ လူနာနှင့် ထိတွေ့ ဆက်စပ်မှု ရှိသူများ၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ခြင်း မရှိသော်လည်း ဒုတိယအကြိမ် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၃၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၅၁၄၉၆ ဦး ရှိကာ၊ ယင်းအနက် ၁၂၁၉ ဦး သေဆုံး၍ ၃၁၃၃၀ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
Friday, October 30, 2020

Home
COVID-19
COVID-19 အတည်ပြုလူနာ အသစ် ၁၀၉၃ ဦး ထပ်မံ တွေ့ရှိ၊ PHL(တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၄ ဦးတွင် ပိုးတွေ့
COVID-19 အတည်ပြုလူနာ အသစ် ၁၀၉၃ ဦး ထပ်မံ တွေ့ရှိ၊ PHL(တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၄ ဦးတွင် ပိုးတွေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment