COVID-19 အတည်ပြုလူနာ အသစ် ၉၇၈ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)မှ စစ်သည့် ဓါတ်ခွဲနမူနာများ၌ ပိုး မ​တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 3, 2020

COVID-19 အတည်ပြုလူနာ အသစ် ၉၇၈ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)မှ စစ်သည့် ဓါတ်ခွဲနမူနာများ၌ ပိုး မ​တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၉၇၈ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​အောက်တိုဘာလ ၃ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၀၃ ခုတွင် ပိုး မ​တွေ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။

.

အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၉၇၈ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​အောက်တိုဘာလ ၃ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၆၅၀၃ ဦး ရှိကာ၊ ယင်းအနက် ၃၇၁ ဦး သေဆုံး၍ ၄၇၉၅ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

.

#KBZTai  #Shan  #COVID19

.

No comments:

Post a Comment

Journal Download

Photo of three cats

About