COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၁၉၄ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၈၆ ခုအနက် ၂ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
ယင်းလူနာများမှာ ဆီဆိုင်မြို့နယ်၊ အလက(တွေ့ပူး)နှင့် ကလောမြို့၊ ဓမ္မယာန Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားသည့် အမျိုးသားများ ဖြစ်ကြောင်း သိရသည်။
.
" ၂ ယောက်လုံးက contact တွေပါ။ ဆီဆိုင် လူနာက အရင် တွေ့ပူးရွာ လူနာရဲ့ contact ပါ။ ပထမ တစ်ကြိမ် စစ်တုန်းက Negative ထွက်ပြီး ခု ဒုတိယအကြိမ် ထပ်စစ်တော့ positive ဖြစ်နေတာပေါ့။ ကလောကလည်း contact ပဲ၊ ရန်ကုန်က ၃ ယောက်လာတုန်းက test kit နဲ့ စစ်တော့ ၂ ယောက်မှာ positive ဖြစ်ပြီး ခုလူနာက negative ဖြစ်တာ။ PCR နဲ့ ထပ် စစ်လိုက်တော့ positive ဖြစ်နေတာပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၉၆၉၆ ဦး ရှိကာ၊ ယင်းအနက် ၉၇၂ ဦး သေဆုံး၍ ၁၈၈၆၅ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment