COVID-19 အတည်ပြုလူနာ အသစ် ၁၃၈၇ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများ၌ ပိုး မ​တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 17, 2020

COVID-19 အတည်ပြုလူနာ အသစ် ၁၃၈၇ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများ၌ ပိုး မ​တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၃၈၇ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​အောက်တိုဘာလ ၁၇ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၂၅ ခုတွင် COVID-19 ပိုး မတွေ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​အောက်တိုဘာလ ၁၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၄၈၇၅ ဦး ရှိကာ၊ ယင်းအနက် ၈၃၈ ဦး သေဆုံး၍ ၁၆၃၇၀ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About