မိုင်းယောင်းမြို့နယ်၏ COVID-19 ကာကွယ်ရေးစည်းကြောင်းများ အကျိုးပေါက်မခံသူများ (သို့မဟုတ်) COVID-19 ရောဂါနှင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းမြို့နယ်၏ COVID-19 ကာကွယ်ရေးစည်းကြောင်းများ အကျိုးပေါက်မခံသူများ (သို့မဟုတ်) COVID-19 ရောဂါနှင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသူများ

စိုင်းအောင်ဇော်လင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများနှင့်အတူ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက COVID-19 ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခြေအနေများနှင့်အညီ စနစ်တကျ ဝိုင်းဝန်း တုံ့ပြန်ဆောင်ရွက်နေလျက်ရှိရာ ယနေ့အထိ COVID-19 ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ မရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.


.

COVID-19 ရောဂါသည် အများပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်စေသည့်အပြင် လူ့အသက်သေဆုံး သည်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် 

.

ကပ်ရောဂါအမျိုးမျိုးမှ လွတ်မြောက်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းကို ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော် ဦးဆောင်သော ဆရာတော်၊ သံဃာတော်တို့က ၂ ကြိမ်တိုင်တိုင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

.

COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများ ထုတ်ပြန်ခြင်း စသည်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

.

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ၊ ပြန်/ဆက်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ပညာပေး ဟောပြောခြင်း၊ အသိပညာပေးဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဗီးနိုင်းပိုစတာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင်လည်း အောက်ခြေအဆင့် အထိ သိရှိနိုင်စေရေးအတွက် Hand Speaker များဖြင့် အသိပညာပေး ဆော်ဩခြင်းများကို လှည့်လည်ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

.

ထို့ပြင်  COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာကြံ့ခိုင်မှု မဆုံးရှုံးစေရေးအတွက် အာဟာရ ရှိသည့် ငါးများ စသည့်အစားအစာများ ပေါပေါများများဖြင့် ဗီတာမင်ဓာတ်ပြည့်ဝအောင် စားသုံးသင့်သည်များကိုလည်း ပညာပေးခြင်း၊ လူမှုကွန်ရက်မှ ကြော်ငြာခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

.

COVID-19 ရောဂါသည် အများပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်စေသည့်အပြင် လူ့အသက်သေဆုံး သည်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် မိုင်းယောင်းမြို့နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသန္တရအမိန့်၊ Mask ကို တပ်ဆင်ရန်၊ လက်ကို စနစ်တကျဆေးရန်၊ Social Distancing ကို တိတိကျကျလိုက်နာရန်များကို ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် အသိပေးလျက်ရှိသည်။

.

အလားတူ ကျန်းမာရေးဝန်ထမ်းများက လူနာတင်ယာဉ်ဖြင့်လည်းကောင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကလည်း မော်တော်ယာဉ် ၂ စီးဖြင့်လည်းကောင်း ရှမ်း၊ အာခါ၊ လားဟူ စသည့် ဒေသတိုင်းရင်းသားဘာသာစကားများဖြင့် နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိုက်လံအသိပေးလျက်ရှိသည်။

.

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟန်စိုး၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာမျိုးမြင့်ကျော်၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးတို့ပါဝင်သည့် နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးရေးအဖွဲ့က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား Take away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်စေရေးအတွက် စစ်ဆေးကြပ်မတ်လျက်ရှိသည်။

.

မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နှာခေါင်းစည်းတပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာကြရန် အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

.

ကြက်ခြေနီစေတနာ့ဝန်ထမ်းများနှင့်အတူ မိခင်ကလေး၊ အမျိုးသမီးရေးရာနှင့် မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်း၊ မိုင်းယောင်းလူငယ်ဘုံဆွမ်းလောင်းအသင်း စသည့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများသည်လည်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

.

မြို့အဝင် မုန်းလိုက်တံတားရှိ COVID-19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးဂိတ်တွင် တွေ့သမျှ လူတွေထဲက ကာကွယ်ရေးစည်းကြောင်း ကျိုးပေါက်သူ မည်သူမဆို ဝင်ရောက်ထိုးဖောက်မွေနောက်ရန် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ပါဝင်သည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရေးအဖွဲ့က ခြေကုတ် ယူထားပြီး ပြည်သူများ ဘေးကင်းလုံခြုံအောင် နေ့စဉ် စစ်ဆေးဆောင်ရွက်နေလျက်ရှိကြောင်း မိုင်းယောင်းမြို့နယ်၏ COVID-19 ကာကွယ်ရေးစည်းကြောင်းများ အကျိုးပေါက်မခံသူများ (သို့မဟုတ်) COVID-19 ရောဂါနှင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသူများအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။    

.

Journal Download

Photo of three cats