မိုင်းယောင်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

မိုင်းယောင်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း

စိုင်းအောင်ဇော်လင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာလ ၂၇ ရက်၊ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ထိုကဲ့သို့ ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက စံကွက်ရိတ်သိမ်းမည့် လယ်ကွက်တွင် တစ်ဧကရှိ ကောက်ကွက်၊ အနှံပါ ပင်ပွား၊ တစ်နှံပါ အောင်စေ့၊ အလေးချိန် စသည့် စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်း ချွေလှေ့ထားသော စပါးများ၏ အထွက်နှုန်းကို တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 .


 

ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အသုံးပြု ရိတ်သိမ်းသဖြင့် အချိန်ကုန်အလုပ် သက်သာခြင်း၊ စရိတ် သက်သာခြင်း၊ စပါး အလေအလွင့် နည်းပါးခြင်း၊ လုပ်သား ရှားပါးမှုအတွက် ပူပင်စရာ မလိုခြင်း၊ ဆောင်းသီးနှံ စိုက်ပျိုးရန် အချိန်မီ ရိတ်သိမ်းနိုင်ခြင်း၊ တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်း ခြွေလှေ့နိုင်ခြင်း၊ စျေးကွက်အတွင်း စပါးများ လျင်မြန်စွာ ရောင်းချနိုင်ခြင်းတို့ကြောင့် စက်အသုံးပြု ရိတ်သိမ်းရခြင်း ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ပြောသည်။

 .

အဆိုပါ မိုးစပါး ဆင်းဧကရီ-  မျိုးစေ့ထုတ် စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း ၁၃၂ ဒသမ ၇၀ တင်း ထွက်ရှိပြီး မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှု မရှိစေရေး၊ ပေါင်း ကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိရာ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ခင်းများနှင့် ပတ်သက်၍ နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဖုန်း-၀၉၂၅၆၀၇၂၂၅၇ ဆက်သွယ်၍ အကူအညီ ရယူနိုင်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About