တရုတ် မုန့်စားပွဲတော်ကာလအတွင်း နယ်စပ်ဂိတ်များ အဝင်/အထွက် ပိတ်ထားခြင်း မရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ် မုန့်စားပွဲတော်ကာလအတွင်း နယ်စပ်ဂိတ်များ အဝင်/အထွက် ပိတ်ထားခြင်း မရှိဟု ဆို

 မင်းဇော်မင်း

.

မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ကုန်စည် ကူးသန်းရောင်းဝယ်ပြုလုပ်သည့် နယ်စပ်ဂိတ်များ အဝင်/အထွက်ကို တရုတ် မုန့်စားပွဲတော်ကာလအတွင်း ပိတ်မည်ဟု ပြောဆိုနေကြသော်လည်း မြေပြင်တွင် ပိတ်ထားခြင်း မရှိကြောင်း သိရသည်။

.



သူတို့ဖက်က နှစ်တိုင်း လုပ်ပါတယ်၊ ဒါပေမဲ့ နယ်စပ်ဂိတ်တွေတော့ မပိတ်ပါဘူး အသီးကားတွေ ဝင်နေဆဲပဲ ဖြစ်တယ်၊ COVID-19 ကာလမို့ လူဝင်လို့ မရပေမဲ့ ရှန်တိန်စနစ်နဲ့ ကုန်တွေ ပို့လို့ ရနေပါတယ် ပိတ်တယ် သတင်းကြားလို့ ကိုယ်တိုင် သွားကြည့်တာ ကားတွေ ဝင်ထွက်နေပါတယ်သူတို့ ပွဲတော်ရက်မှာ ခဏနားမယ် ဆိုပြီး လုပ်ငန်းရှင် အချင်းချင်း ပြောကြတာကို နယ်စပ်ပိတ်တယ် ပြောတာ ဖြစ်မှာပါ။”ဟု မူဆယ်အခြေစိုက် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။

.

လူမှုကွန်ရက် (Facebook) တွင် မူဆယ်မှ တရုတ်နိုင်ငံ ကုန်စည်ကူးသန်းသည့် နယ်စပ်ဂိတ်များအား တရုတ်နိုင်ငံ မုန့်စားပွဲတော်ရက် ဖြစ်သည့် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ ပိတ်သည်ဟု ရေးသား ဖော်ပြနေသော်လည်း မြေပြင်တွင်မူ ကုန်တင်ယာဉ်များ တရုတ်နိုင်ငံအတွင်း ဝင်/ထွက်မှု ရှိနေသည်ဟု ဆိုသည်။

.



ဒါက သူတို့(တရုတ်)ဘက်က်မှာ အောင်ပွဲအနေနဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေ တစ်ပတ်ကြာ ပိတ်တာပါဒီက် (မြန်မာ)ကို သက်ဆိုင်တဲ့ လုပ်ငန်း အချင်းချင်းပဲ ခဏ ရပ်နားတယ်ဆိုတာ ပြောတာပဲ ရှိတာပါ။” ဟု မူဆယ်ခရိုင် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ  ဦးဝင်းအောင်ခန့်က ပြောသည်။

.

မူဆယ်အခြေစိုက် အရှေ့မြောက်တံခါးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုးကလည်း “ ကျွန်တော်တို့ဆီက သင်္ကြန်လိုပေါ့၊ ရှေ့မှာ ရောင်းကောင်းပြီး ခဏတော့ အရောင်းအဝယ် ရပ်ဆိုင်းသွားတဲ့ သဘောပါ သူတို့ ဘက်တော့ မိသားစုတွေ အလည်သွားကြတဲ့ သဘောပါပဲ။ ကုန်စည် ရပ်သွားလောက်အောင် ထိခိုက်မှု မရှိနိုင်ပါဘူးနှစ်တိုင်း ကြုံရလို့ ကုန်သည်တွေကတော့ သိနေကြပါတယ်။” ဟု ရှင်းပြသည်။

.

လက်ရှိတွင် ယာဉ် အဝင်/အထွက်များ ရှိနေပြီး ဂိတ်ပိတ်မည်ဆိုသည့် ညွှန်ကြားချက်လည်း မရှိကြောင်းနှင့် တရုတ်မုန့်စား ပွဲတော် ရက်အတွင်း တရုတ်နိုင်ငံလုပ် ထော်လာဂျီများကို ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်ရန် ရှိနေကြောင်း မူဆယ်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ချစ်စိန်ထံမှ သိရသည်။

.

Journal Download

Photo of three cats