ကမ္ဘောဇတိုင်း
.
လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းနောင်-မိုင်းရှူးလမ်းပေါ်ရှိ
နမ့်ပန်ချောင်းကူးတံတား တည်ဆောက်မှု ပြီးစီး၍ စက်တင်ဘာလ ၃၀ ရက်မှ စတင်ကာ ဖြတ်သန်းသွားလာခွင့်
ပြုထားပြီဖြစ်ကြောင်း သိရသည်။
.
.အဆိုပါတံတားသည် သံကူကွန်ကရစ်အမျိုးအစား၊
သံမဏိသံဘောင်ရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်း ဖြစ်ပြီး အရှည် ၁၃၀ မီတာ၊ ယာဉ်သွားလမ်းအကျယ်
၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် ၁ မီတာ၊ တံတားကင်း လွတ်နယ်အကျယ် ၅၀ မီတာ၊အမြင့် ၄
မီတာရှိပြီး၊ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန် ဖြတ်သန်းသွားလာနိုင်ကြောင်း
သိရသည်။
.
နမ့်ပန်ချောင်းတံတားကို တံတားဦးစီးဌာန၊
တံတားအထူးအဖွဲ့(၁၂)၊ ရွှေညောင်မှ တာဝန်ယူတည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊
နိုဝင်ဘာလ ၁ ရက်နေ့မှလုပ်ငန်းများ စတင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀
ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး စီမံကိန်း တန်ဖိုးငွေ ကျပ်သန်း
၃၃၀၀ ဖြစ်ကြောင်း သိရသည်။
.
ယခင်အသုံးပြုသည့် နမ့်ပန်ချောင်းတံတား
(မိုင်းရှူးကြိုးတံတား)သည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝရာသီဥတု
ဒဏ်များကြောင့် ရေရှည်တွင် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်လာနိုင်သဖြင့်
တံတားသစ်တည်ဆောက်ရေးဆောင်ရွက်ရခြင်းဖြစ်ကာ ယခုအခါ နမ့်ပန်ချောင်းတံတားအသစ် တည်ဆောက်ပြီးစီးပြီဖြစ်၍
မိုင်းရှူးမြို့နယ်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ
ပုံမှန်လည် ပတ်ရာတွင် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment