မင်းဇော်မင်း
.
သမိုင်းတင်မည့်
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာပေပြီ၊ ယင်းကာလတွင် ပွတ်တိုက်မှု
ဖြစ်စဉ်ဖြစ်ရပ်များ များပြားစွာ ပေါ်ထွက်လာသည်မှာ ရန်ပွဲများက စစ်ပွဲအသွင် ဆောင်နေသည်ဟု
မြင်မိသည်။ စစ်ပွဲအသွင် ဆိုသည်မှာ ယင်းကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်စေသည့် အခြေခံ
အကြောင်းရင်းများကြောင့် ဆိုလိုရင်းဖြစ်သည်။
.
.
စစ်ဘောင် ကျယ်သည် ဆိုသည်မှာ တိုင်းပြည်တစ်ခုတွင် စစ်တပ်က အရပ်သား အစိုးရအောက်တွင် မရှိဘဲ အခန်းကဏ္ဍ(ကြီး)သည်ကို ဆိုခြင်းဖြစ်ပြီး စစ်ဘောင်ချဲ့သည် ဆိုသည်မှာတော့ တပ်ရဲ့ လုပ်ပိုင်ခွင့် MANDATE ကို ချဲ့ထွင်လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
.
ယခု ပြုလုပ်မည့်
ရွေးကောက်ပွဲသည် NLD အတွက် ရှုံးနိမ့်၍ မဖြစ်သည့် နိုင်ငံရေး ရင်းနှီးမြုပ်နှံမှုကြီး
တစ်ခုဖြစ်သလို ပြိုင်ဘက် အင်အားကြီး ပါတီ USDP အတွက်လည်း နေရာ ပြန်ရရေးက အသက်တမျှ အရေးကြီးလာနေသည်
ဖြစ်သောကြောင့်ဟုဆန်းစစ်မိသည်။
.
ဆိုလိုသည်မှာ
အရပ်ဘောင်နှင့် စစ်ဘောင် အားပြိုင်မှု ဟု ဆိုလိုခြင်းပင်။
ဒေါ်အောင်ဆန်းစုကြည်၏
အားရှိနေစဉ် NLD အနေဖြင့် လက်ရှိ အနေအထားကို ဆက်လက် တည်မြဲစေရန် လိုအပ်မည် ဖြစ်သလို
USDP အနေဖြင့်လည်း ယခုအကြိမ်တွင် လွှတ်တော်ကို လွှမ်းမိုးနိုင်စွမ်း ရှိရန် လိုအပ်နေမည်
ဖြစ်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပြီး ဗဟိုဦးစီးစနစ်ဖြင့် ဒေသခံ ကိုယ်စားလှယ်များ
နေရာတွင် အငြိမ်းစား တပ်မတော်အရာရှိကြီးများ ရွေးကောက်ပွဲ ဝင်လာနေသည်ကို တွေ့မြင်နေရသည်။
.
တိုင်းရင်းသားတွေ
ဘက်ကရော ၊ ရှမ်းမြောက် ကျောက်မဲခရိုင်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ
လူထု ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ကို
ရှမ်းအစိုးရမှ တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုလာရသည်အထိ ဖြစ်လာသည်။
.
တရုတ်နိုင်ငံ
ရွှေလီမြို့တွင် NLD ဝန်းရံသူ ၉၀၀ ကျော် ဖမ်းခံရသည့် ကိစ္စတွင်မူ အချိန်မဆိုင်း ကူညီသည်ဟု
ပြောဆိုမှုများ ရှိခဲ့ရာ တိုင်းရင်းသားများ အမြင်တွင် ခွဲခြားဆက်ဆံမှုကို ပိုမိုခိုင်မာစေသည်ဟု
နိုင်ငံရေး အမြင်များက ဆိုကြသည်။
.
နောင်ချိုမြို့နယ်မှ
SNLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက `အိမ်နီးချင်းနိုင်ငံရဲ့
အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေထဲ ဥပဒေ ချိုးဖောက်လို့ အရေးယူခံရတဲ့ ကိစ္စကို နိုင်ငံရေး
မက်လုံးနဲ့ နိုင်ငံတော်အဆင့် သတ်မှတ်ပြီး၂၄ နာရီအတွင်း အလေးထား ကူညီတယ်၊ ကောင်းမွန်တဲ့ကိစ္စပါ၊
ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေထဲမှာ ပြည်သူလူထုလို့ တဖွဖွ ခေါ်ခံနေရသူတွေ
ပြေးလွှားငိုကြွေးပြီး ဒုက္ခအတိနဲ့ ဖြစ်နေတယ်၊ ရေငုံနှုတ်ပိတ် နှုတ်ဆိတ်နေတယ်၊ ဒါဟာ
ခံစားနေရတဲ့ ပြည်သူတွေ အပေါ် မတရား ပြုကျင့်လိုက်တာပါပဲ`ဟု ဆိုသည်။
.
မြန်မာနိုင်ငံ၏
နိုင်ငံရေးဘောင်တွင် စစ်ဘောင်နှင့် အရပ်ဘောင်ခေါ် ဒီမိုကရေစီဘောင်တို့ အင်အား ပြိုင်နေကြသည်ဟု
ဆိုလျှင် မှားမည် မထင်ပေ။ စစ်ဘောင် ကျယ်သည် ဆိုသည်မှာ တိုင်းပြည်တစ်ခုတွင် စစ်တပ်က
အရပ်သား အစိုးရအောက်တွင် မရှိဘဲ အခန်းကဏ္ဍ(ကြီး)သည်ကို ဆိုခြင်းဖြစ်ပြီး စစ်ဘောင်ချဲ့သည်
ဆိုသည်မှာတော့ တပ်ရဲ့ လုပ်ပိုင်ခွင့် MANDATE ကို ချဲ့ထွင်လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း
ဖြစ်သည်။
.
စစ်ပွဲများ
အဆုံးသတ်နိုင်မှုတွင် စစ်ပွဲအတွင်း အထူးသဖြင့် ပြည်တွင်းစစ်တွင် ဘက်လိုက် အားပေးခြင်း
မပြုဖို့၊ အရပ်သား ကာကွယ်စောင့်ရှောက်ရေး( CIVILIAN PROTECTION) ကို လျစ်လျူ မရှုကြဖို့
အထူး လိုအပ်ကြောင်းပါ။
.
မြန်မာနိုင်ငံအနေဖြင့်
GUNBOAT DEPLOMACY ကို ကျင့်သုံးရန် ကြိုးပမ်းမှု၊ ပါဝင်မှု၊ အားပေးမှု၊ စစ်စည်းရုံးမှု
များအားလုံးသည် စစ်ဘောင်ချဲ့ခြင်းပင်ဖြစ်ပြီး လွတ်လပ်ပြီး လူထု၏ စစ်မှန်သည့် အစိုးရ
တစ်ရပ်ပေါ်ထွက်ရေးအတွက် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမှု၊ ငြိမ်းချမ်းမှု၊ ခွင့်တူညီမျှဖြစ်မှု၊
လွတ်လပ်မှု၊ တရားမျှတမှု စသည်တို့သည် ဒီမိုကရေစီဘောင်ချဲ့ခြင်း ပင်တည်း ။
.
အကြမ်းဖက်မှု၊
အရပ်သားများ သေဆုံးမှု၊ ဘက်ပေါင်းစုံက ဖမ်းဆီးမှုများ၊ စစ်ပွဲဆန့်ကျင်သူတွေ ဖမ်းဆီးခံရမှု၊
ဆန္ဒမရှိဘဲ စစ်စည်းရုံးခံရမှု၊ ဆက်ကြေးပေးရမှု၊ အခြေအနေစုံကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသည်ဆိုတာသည်
နောင် ဆယ်စုနှစ် အနာဂတ်ကာလတွင် ငြိမ်းချမ်းရေး ရသည်လား၊ စစ်ပွဲ ပိုရှည်ကြာသွားသည်လား
ဆိုသည်ကို မြန်မာပြည်တွင်းစစ် နှစ် ၇၀ ကျော်က အဖြေ အဖြစ် ပြဆိုနေရာ စစ်ပွဲကို အဆုံး
မသတ်နိုင်ပါက စစ်ပွဲများက အဆုံးသတ်စေမည် ဖြစ်တော့သည်။
.
No comments:
Post a Comment