တောင်ကြီးမြို့ရှိ ဆေးဆိုင်များတွင် ခွင့်ပြုချက် မရှိသည့် ကိုဗစ်နိုင်ဆေးလျက်ဆား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

တောင်ကြီးမြို့ရှိ ဆေးဆိုင်များတွင် ခွင့်ပြုချက် မရှိသည့် ကိုဗစ်နိုင်ဆေးလျက်ဆား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

စိုင်းမျိုးမြတ်

.

တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် လတ်တလော ခေတ်စားနေသည့် တိုင်းရင်းဆေးဖြစ်သော ကိုဗစ်နိုင် ဆေးလျက်ဆား အပါအဝင် သုံးစွဲရန် မသင့်သော ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ အောက်တိုဘာလ ၁၃ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.


ဈေးကို ပုံမှန် အထက်ညွှန်ကြားချက်အတိုင်း စစ်ဆေးနေတာပါ။ ဘာမှ ထွေထွေထူးထူး တွေ့တာတော့ မရှိပါဘူး။ မကြာခဏ အလျဉ်းသင့်သလို ဝင်ပြီး စစ်ပါတယ်။” ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လူမှုကွန်ရက် (Facebook) တွင် ကိုဗစ်နိုင်ဆေးလျက်ဆားမှာ COVID-19 ပျောက်သည်ဟူသော သတင်းအမှားများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

.

စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် ပြည်သူများ သုံးစွဲရန် မသင့်သော ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိကို တစ်ပတ်လျှင် ၂ ကြိမ် စစ်ဆေးနေပြီး ယင်းကဲ့သို့ ဆေးဝါးများ ရောင်းချနေသော ဆိုင် တွေ့ရှိပါကလည်း COVID-19 ကပ်ရောဂါ ကာလအတွင်း ပြည်သူများ စီးပွားရေး ကြပ်တည်းနေမှုကြောင့်  ဒဏ်ငွေရိုက်ခြင်း၊ အရေးယူခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ သတိပေးမှုသာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About