ကျောက်မဲတွင် အသက် ၈၀ နှင့် ၈၅ နှစ်ကြား ဘိုးဘွားများအား အိမ်တိုင်ရာရောက်‌ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် အသက် ၈၀ နှင့် ၈၅ နှစ်ကြား ဘိုးဘွားများအား အိမ်တိုင်ရာရောက်‌ ထောက်ပံ့

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂ ရက်က အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

.

.

COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းစီထောက်ပံ့ပေးခြင်းဖြစ်ပြီး ထောက်ပံ့ငွေများအကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန် ရှိသူများက ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် အသက် ၈၀ မှ ၈၅ နှစ်ကြား သက်ကြီးဘိုးဘွား ၆၂၅ ဦး ရှိပြီး ထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် စာရေးများသို့ ထုတ်ပေးခဲ့ပြီးဖြစ်ကာ  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများက သက်ဆိုင်ရာ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats