မိုင်းထွန်း
.
ကျောက်မဲမြို့နယ်တွင်
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ၏ ကြိုတင်
ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ယမန်နေ့ အောက်တိုဘာလ ၆ ရက်၊ ညနေပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးစိုးထွန်းမှ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
.ယင်းကဲ့သို့ ကြိုတင်ဆန္ဒမဲပေးရန်
တပ်ရင်းတပ်ဖွဲ့များမှ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ ၁-၂ ဖြင့် လျှောက်ထားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသည့်
တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင် များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊
မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများ၊ အစိုးရ၏
ခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည် သက်ဆိုင်ရာ
မဲဆန္ဒနယ်အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့်
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး အဆိုပါ ကြိုတင်မဲများ ကို အောက်တိုဘာ ၈
ရက်နေ့မှ အောက်တိုဘာလ ၂၁ အတွင်း ပေးရမည်ဖြစ်ကာ ဆန္ဒမဲပေးပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို
ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီမတိုင်မီ သက်ဆိုင်ရာ
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်တွင်
စုစုပေါင်းလျာထားမဲရုံ ၁၁၁ ရုံရှိပြီး တပ်မဲရုံ ၁ ရုံသာ ရှိကာ ဒုတိယအကြိမ်
ကပ်ထားကြေညာ ထားသည့် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၂၉၇၁၃ ဦးရှိကြောင်း သိရသည်။
.
No comments:
Post a Comment