တောင်ကြီးမြို့ ​ရွှေ​တောင်ရပ်ကွက်တွင် မီး​လောင်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 31, 2020

တောင်ကြီးမြို့ ​ရွှေ​တောင်ရပ်ကွက်တွင် မီး​လောင်မှု ဖြစ်ပွား

တောင်ကြီးမြို့၊ ​ရွှေ​တောင်ရပ်ကွက်၊ ယုဇနလမ်းရှိ ​အမှတ်(ရ/၁၅၇) နေအိမ်တွင် ယ​နေ့ ​အောက်တိုဘာလ ၃၁ ရက်၊ ည ၇ နာရီခွဲခန့်က မီး​​လောင်မှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

.




မီး​လောင်မှုအား ​ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်​​ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့သဖြင့် ၈ နာရီ​ကျော်ခန့်တွင် မီးငြိမ်းသွားပြီ ဖြစ်​ကြောင်း သိရသည်။

.

မီး​လောင်ကျွမ်းရသည့် အ​ကြောင်းအရင်းနှင့် ဆုံးရှုံးမှု အ​သေးစိတ် အ​ခြေအ​နေများကို မသိရ​သေး​​​​ပေ။

No comments:

Post a Comment

Journal Download

Photo of three cats

About