ကမ္ဘောဇတိုင်း
.
လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် အောက်တိုဘာလ
၅ ရက် နေ့လယ်ပိုင်းက အသက် ၁၈ နှစ် အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကို ဓါးဦးချွန်ဖြင့်
ပြန်လည်ထိုးသွင်းကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ကာလိမြို့နေ စိုင်းခေးဆိုင်နှင့် မိသားစုဝင် ၆ ဦးတို့သည် အောက်တိုဘာလ
၅ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ပြောင်းခင်းအတွင်း ပြောင်းချိုး နေစဉ် စိုင်းခေးဆိုင်မှာ
ပြောင်းခင်းအတွင်း လူးလှိမ့်ကာ အော်သံကြာ၍ မိခင်ဖြစ်သူမှ သွးရောက်ကြည့်ရှုရာ ၎င်း ကိုင်ဆောင်အသုံးပြုနေသည့်
အရိုးအသွား ၁ ပေ ၉ လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ရင်ညွှန့်မှ ထိုးပြီး
နောက်ကျောပြင်မှ ပေါက်ထွက်နေသည်ကိုနေတွ့ရှိရသဖြင့် အဆိုပါ
ထိုးသွင်းထားသည့်ဓါးအားဆွဲဖြုတ်ကာ
မိသားစုဝင်များနှင့်အတူ ကာလိမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူ စိုင်းဆိုင်ခေးသည် ယခင်က မူးယစ်ဆေးဝါးမှုဖြင့်
ဖမ်းဆီးခံထားရပြီး လွန်ခဲ့သော ၁ လ ခန့်က
ပြန်လည် လွတ်မြောက်လာသူဖြစ်ကာ စိတ်ရောဂါရှိနေသူဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment