မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မိုင်းဉာဏ်

.

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လင်းခေးခရိုင်၊မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်း လုပ်ငန်းများဖြစ်သည့် ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း ၁၀၃ ရွာမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၇၈ ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

.


.

အဆိုပါ စီမံကိန်းလုပ်ငန်းခွဲများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ စီမံကိန်း ချမှတ်ထားသော လမ်းညွှန်သတ်မှတ်ချက်များနှင့် အညီ စီမံကိန်းစက်ဝန်း အပိုင်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သန်း ၅၃၄ သန်းဖြင့် လမ်းလုပ်ငန်း ၂၈ ခု၊ တံတားလုပ်ငန်း ၆ ခု၊ ပညာရေးနှင့်သက်ဆိုင်သော အဆောက်အဦ ၃ ခု၊ ရေးပေးရေးလုပ်ငန်း ၁၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၀ ခု၊ ကျေးရွာခန်းမဆောင် လုပ်ငန်း ၁၆ ခုနှင့် အခြား (အုတ်ရေမြောင်း) ၁ ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၇၈ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ လူဦးရေ ၂ သောင်းခန့် အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်းသိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About