ခိုလမ်တွင် ဖမ်းဆီးရမိ ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား မီးရှို့ ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 8, 2020

ခိုလမ်တွင် ဖမ်းဆီးရမိ ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား မီးရှို့ ဖျက်ဆီး

ခင်လေးဝင်း

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် ဖမ်းဆီးရမိထားသော ဓါတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ယမန်နေ့ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက ဖမ်းဆီးရမိသော ဓါတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

.

ထို့နောက်  တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားတွင် ဖျက်ဆီးခဲ့သည့် ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများမှာ ၂၀၁၉ နှစ် သြဂုတ်လ အတွင်းက ခိုလမ်မြို့၊ နားပွဲကျေးရွာတွင် တပ်မတော် စစ်ကြောင်းများ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အထူးစစ်ဆင်ရေးပြုလုပ်စဉ်က သိမ်းဆည်းရမိခဲ့သော ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆာလဖျူရစ်အက်ဆစ်၊ အီသိုင်းနှင့်ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၂၄ မျိုးတို့ ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း  ၂၁၂၁၁ ဒသမ ၈၁၉ ရှိကြောင်း သိရသည်။

.

ဖမ်းဆီးရမိ ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား မီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ စစ်ဗျူးဟာမှူးနှင့် တပ်မတော်သားများ၊ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About