တောင်ကြီးမြို့တွင် အသက် ၁၅ နှစ်အရွယ် လူငယ်က ကလေးငယ်တစ်ဦးအား လိင်တူဆက်ဆံမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 7, 2020

တောင်ကြီးမြို့တွင် အသက် ၁၅ နှစ်အရွယ် လူငယ်က ကလေးငယ်တစ်ဦးအား လိင်တူဆက်ဆံမှု ဖြစ်ပွား

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးတက္ကသိုလ် ဝန်ထမ်းအိမ်ရာ လိုင်းခန်းအနီးတွင် အောက်တိုဘာလ ၆ ရက်၊ နေ့လယ်ပိုင်းက အသက် ၁၅ နှစ်အရွယ် လူငယ် ယောကျ်ားလေးမှ အသက် ၅ နှစ်အရွယ် ယောကျ်ားလေး ကလေးငယ် အား ဓမ္မတာနှင့် ဆန့်ကျင်ပြီး လိင်တူဆက်ဆံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တက္ကသိုလ်ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးသည် အောက်တိုဘာလ ၆ ရက်၊ နေ့လယ်ပိုင်း က နေအိမ်တွင် မိသားစုနှင့်အတူ တီဗွီ ကြည့်နေစဉ် အသက် ၅ နှစ် ၇ လအရွယ် သားငယ်အပါအဝင် မောင်နှမ ၃ ဦး တို့သည် ဝန်ထမ်းအိမ်ရာ လိုင်းခန်းရှေ့တွင် ဆော့ကစားနေခဲ့ပြီး ညနေ ၃ နာရီခွဲ အချိန်တွင် ယင်း အသက် ၅ နှစ်၊ ၇ လ အရွယ် သားငယ်ဖြစ်သူ နေအိမ်သို့ ပြန်လာရာ ဘောင်းဘီတွင် သွေးစို့နေသည်ကို တွေ့ရသဖြင့် မိခင်ဖြစ်သူမှ မေးမြန်းရာ ယင်း တက္ကသိုလ်ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေ အသက် ၁၅ နှစ်၊ ၅ လအရွယ် ယောကျ်ားလေးမှ ၎င်းအား အခြားနေရာတွင် ဆော့ကစားမည်ဟု‌ ပြောဆိုကာ တက္ကသိုလ်ဝန်ထမ်းအိမ်ရာလိုင်းခန်း၏ လူမနေသော အစွန်ဆုံး လိုင်းခန်းသို့ ခေါ်ဆောင်သွားပြီး လိင်ဆက်ဆံကာ နေအိမ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောပြသဖြင့် သိရှိ ခဲ့ရသည်ဟု သိရသည်။

.

အဆိုပါ အရွယ်မရောက်သေးသည့် ယောကျ်ားလေးငယ်အား မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ ခေါ်ဆောင်ကာ ဓမ္မတာအား ဆန့်ကျင်ပြီး လိင်တူဆက်ဆံခဲ့သူ အသက် ၁၅ နှစ်၊ ၅ လအရွယ် ယောကျ်ားလေးအား ဥပဒေအရ အရေးယူ ပေးရန် မိခင်ဖြစ်သူမှ တိုင်တန်းသဖြင့် တောင်ကြီးနယ်မြေရဲစခန်းတွင် (ပ) ၅၇၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About