စိုင်းမျိုးမြတ်
.
COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် အများပြည်သူ အပန်းဖြေ
အနားယူရာ နေရာများကို ပိတ်ပင်ထားသော် လည်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရုရှားကန်တွင်
လာရောက်အပန်းဖြေ အနားယူသူ များပြားလျက်ရှိကြောင်း သိရသည်။
.
.
“ကျွန်တော်တို့ ရုံးပိတ်ရက်မှာ ဒီကန်ကို လာလည်ကြတာပါ။ ဒီရုရှားကန်က
တကယ်ကို သာယာပြီး ရှုခင်း အရမ်းလှတဲ့ နေရာတစ်ခုပေါ့နော်။ တောင်ကြီးမြို့ရဲ့ အထင်ကရ
နေလည်း ဖြစ်တာပေါ့။ ဒါပေမဲ့ လာတဲ့သူတချို့က သူတို့ရဲ့ စွန့်ပစ်ပစ္စည်း အမှိုက်တွေကို
ဒီတိုင်း ချခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့ ဒီအမှိုက်တွေကြောင့် ရေကန်ကြီး ပျက်စီးသွားနိုင်ပါတယ်"
ဟု ရုရှားရေကန်သို့ သွားရောက်ခဲ့သူ ငယ်ငယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အဆိုပါ ရုရှားကန်အပြင်
တောင်ကြီးမြို့ပေါ်ရှိ အဝေရာမီးပုံးပျံကွင်းနှင့် အခြားနေရာများတွင်လည်း လာရောက်အပန်းဖြေအနားယူသူ
များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
.
ရုရှားကန်ဟု ခေါ်ဆိုခြင်းမှာ ရှေးစဉ်ကတည်းက ရုရှားများ ဖောက်လုပ်ခဲ့ခြင်းကြောင့်
ဖြစ်ပြီး အဆိုပါ ရုရှားကန် အပါအဝင် ကြက်ဥကန်၊ ဘဲဥကန်နှင့် ညောင်ရွှေရေကန်တို့မှာ တောင်ကြီးတစ်မြို့လုံးသို့
သောက်သုံးရေ ပေးဝေနေသည့် ရေကန်များ ဖြစ်ကာ လက်ရှိတွင် လာရောက်လည်ပတ်သူအချို့၏ စည်းကမ်းမဲ့
အမှိုက် စွန့်ပစ်မှု များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာ
တာဝန်ရှိ ဌာနများမှ ထိန်းသိမ်းကြပ်မတ် ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment