မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင်
အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက ကျန်းမာရေး စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးသည့်
ယာဉ်မောင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း
သိရသည်။
.
.
မိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်းတုံမြို့မလုံခြုံရေးကင်းရှိ
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးမှုများ
ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲ ခန့်က မိုင်းတုံမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ယာဉ်မောင်း ဌေးနိုင်ဦး မောင်းနှင်လာသည့် Probox
အမျိုးအစား အဖြူရောင်ယာဉ်အား စစ်ဆေးရန် တားဆီးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့်
မြို့လူထုက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
"ရွှေတောင်အကျော်မှာ မောင်းပြေးလာတာ သတင်းကြားတဲ့ မြို့ကလူတွေက
လမ်းပိတ်ပြီး ဖမ်းပေးလို့ ဒုရဲအုပ်တစ်ဦး သွားဖမ်းခေါ်လာတာ အခုအချုပ်ထဲမှာပါ” ဟု မိုင်းတုံမြို့မရဲစခန်းမှူး
ဒုရဲမှူးကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ မောင်းနှင်ထွက်ပြေးသူ ယာဉ်မောင်း
ဌေးနိုင်ဦးအား မိုင်းတုံဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့်
မိုင်းတုံမြို့မရဲစခန်းမှ (ပ)၂၉/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ
ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment