ထိတို့၍ မရသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 28, 2020

ထိတို့၍ မရသူများ

■ မင်းဇော်မင်း ရေးသည်။

.

စစ်နှင့် အချစ်တွင် နိုင်ဖို့သာ အဓိက အယူအဆ ရှိသည်။ ထပ်ပေါင်းရန် လိုသည်မှာ နိုင်ငံရေးတွင်လည်း နိုင်ဖို့သာ အဓိကဟု ထပ်ပေါင်းချင်သူများ ရှိလာသည်ဟု သိမြင်မိသည်။

.

ဆိုလိုသည်မှာ အထက်တန်းကျပြီး ဂုဏ်သိက္ခာဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည့်အစား မည်သည့် နည်းဖြင့် အနိုင်ရရ နိုင်ဖို့သာ အဓိကဖြင့် အောက်တန်းကျစွာ ပြုမူပြောဆို ပြိုင်ဆိုင်လာသည့် စည်းရုံးရေး မဲဆွယ်မှုများက ထင်ဟပ်လာနေသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပြောလိုရင်း ဖြစ်သည်။

.

အင်အားကြီးများသည် ပြိုင်ဖက်ကို အင်အား ကြီးကြီးသေးသေး အညှာတာ ထားစရာ မလိုသည့် အနေအထား တစ်နည်းဆိုရလျှင် Winner-Take-All နိုင်သူ အကုန်ယူ စနစ်အရ နည်းလမ်း မျိုးစုံ ကျင့်သုံးနေခြင်းကို ပုံဖော်လာသည့် ရွေးကောက်ပွဲ နည်းလမ်းများကို ရှုမြင်လာရသည့်အတွက် ဖြစ်ပါသည်။

.


 

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများမှ အကြိုက်တရားများ ဖြစ်သည့် ကြိုက်မဲများဖြင့် ပါတီ၊ လူ တို့ကို ရွေးချယ် မဲပေးခွင့်ထက် အကြောက်တရားများ လွှမ်းခြုံမှု တစ်ရပ်ရပ်ဖြင့် ကြောက်မဲများ ပေးရန် စည်းရုံး လှုံ့ဆော်လာသည့် အပြုအမူများက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါ့မလားဟု မေးခွန်း ထုတ်ရန် ရှိလာသည်။ 

.

ရှမ်းပြည်သည် အင်အားကြီး ပါတီများ ထိပ်တိုက် ရင်ဆိုင်မှုထက် ဒေသခံ တိုင်းရင်းသား ပါတီများကို စည်းရုံး သိမ်းသွင်းရာတွင် အကြောက်တရားအပေါ် အခြေခံသည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာရာ မိုင်းကိုင်မြို့နယ် အတွင်း ပလောင်ကျေးရွာများ ခြိမ်းခြောက်ခံရသည့် ကိစ္စ၊ နမ့်ခမ်းတွင် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ဝန်းရံသူများအား ပြည်သူ့စစ်မှ ဖမ်းဆီး ခြိမ်းခြောက်သဖြင့် ရွာလူထုမှ ပြန်လည် လုယူရသည့်ကိစ္စ၊ မိုင်းပန်တွင် မဲရုံဝန်ထမ်းများ အပစ်ခံရသည့် ကိစ္စ စသည်များဖြင့် ရွေးကောက်ပွဲ မဲနိုင်ရေးတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကဏ္ဍ ပါဝင် ရောယှက်လာနေသည်က ကြောက်မဲများ ဖြစ်လာစေရန် တွန်းအား ပေးနေသည်ကို တွေ့ရပေသည်။

.

နောက်ထပ် အကြောက်တရားများ ဖြစ်ပေါ်စေသည့် စည်းရုံးရေး ပုံသဏ္ဍန် တစ်ရပ်ကိုလည်း ဒေသခံများထံက ကြားသိလာရသည်။ ယင်းမှာ ရှမ်းပြည် အရှေ့ပိုင်း အခြေပြု လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးမှ မိုင်းပျဉ်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာလူထုကို ဟောပြောရန် စုစည်းရာ၌ ဖုန်းများကို သိမ်းယူထားခြင်း၊ ဓာတ်ပုံရိုက်ခွင့် မပြုခြင်း၊ မှတ်တမ်းယူခွင့် မပြုခြင်းများဖြင့် ပါတီတစ်ခုကို မဲပေးရန် ဟောပြောစည်းရုံးခဲ့သည်ဟု ဒေသခံ ပါတီများထံက သိရှိရသည်။

.

ရှမ်းပြည် အရှေ့ပိုင်း အခြေပြု လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးမှ မိုင်းပျဉ်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာလူထုကို ဟောပြောရန် စုစည်းရာ၌ ဖုန်းများကို သိမ်းယူထားခြင်း၊ ဓာတ်ပုံရိုက်ခွင့် မပြုခြင်း၊ မှတ်တမ်းယူခွင့် မပြုခြင်းများဖြင့် ပါတီတစ်ခုကို မဲပေးရန် ဟောပြောစည်းရုံးခဲ့သည်ဟု ဒေသခံ ပါတီများထံက သိရှိရသည်။

.

ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းများတွင် လက်နက်ကိုင် တပ်ဖွဲ့မှ သူများက ယင်းသို့ ဟောပြော စည်းရုံးခွင့် မရှိဟု သိထားသည့် အပြင် စည်းရုံး ဟောပြောသည့် ပါတီကြီးမှာလည်း အထောက်အခံပြု လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသဖြင့် လက်နက်ကိုင် အချင်းချင်း နယ်မြေများကို နိုင်ငံရေးအရ ခွဲဝေ လွှမ်းမိုးရန် ကြိုးပမ်းမှုဟုပင် ယင်းကိစ္စကို ပြောပြသူ တိုင်းရင်းသားပါတီ တစ်ခု၏ ခေါင်းဆောင်က ဝေဖန်ထားသည်။

.

အချင်းချင်း အပေးအယူ၏ အကျိုး သက်ရောက်မှုသည် ၄င်းတို့ ခြေကုတ်ယူထားသည့် နယ်မြေမှ ၂၀၁၅ က အမိန့်ဖြင့် မဲပေးခဲ့သည့် လက်ရှိ အနိုင်ရ ပါတီအား မဲပေးမည့်နေရာတွင် ဆန့်ကျင်ဘက် မဲပေးခြင်းဖြင့်  နိုင်ငံရေး ဝေစား မျှစား လုပ်ခြင်း ဖြစ်သည်ဟု တွက်ဆကြသည်။

.

ထိုရလဒ်၏ ဆိုးကျိုး သက်ရောက်မှုမှာ ဒေသခံ ပါတီများမှ ကိုယ်စားလှယ်လောင်များအတွက် အရှုံးကို ရင်ဆိုင်ရနိုင်ဖွယ် ဖြစ်သည့်အပြင် အနိုင် ရနိုင်သည့် ကိုယ်စားလှယ်လောင်းများမှာ ဒေသခံများ မဟုတ်သည့်အပြင် ဒေသပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေး ဖော်ဆောင်မည့်အစား ဝေစား မျှစား အရ အချင်းချင်းအတွက်သာ အဓိက လုပ်ဆောင်တော့မည်ဟု ယူဆလာကြသည်က မှားမည် မထင်ပေ။

.

ပထဝီနိုင်ငံရေးတွင် သဘောတရား အယူအဆများကို လူကြားကောင်းအောင် အော်နေကြခြင်း ဖြစ်ပြီး လက်တွေ့တွင် အမျိုးသား အကျိုးစီးပွားကို လုပ်နေကြခြင်းသာ ဖြစ်ပြီး ယင်းကို လက်တွေ့ကျ နိုင်ငံရေး (Realpolitk)ဟု သောင်းထိုက်၏ ပထဝီနိုင်ငံရေးတွင် ဖွင့်ဆိုထားသည်။ ယင်း စာအုပ်တွင်ပင် လူအင်အားသည် စစ်အောင်နိုင်ရခြင်း၏ အဓိက အခြေခံဟု ဆိုထားသည်။

.

ဝေစား မျှစား လုပ်မှုက စစ်ရေးအရတွင် သာမက နိုင်ငံရေးအရ ပါ စိုးမိုးတော့မည်


ယင်း လက်နက်ကိုင် အဖွဲ့အစည်း ခြေကုတ်ယူထားသည့် နယ်မြေတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် လူအင်အား ၁၃၀၀၀ ကျော်သာ ရှိသော်လည်း ယခု ၂၀၂ဝ တွင်မူ အင်အား ၁၈၀၀၀ ရှိလာနေပြီ ဖြစ်ရာ အခြား ဒေသခံ တိုင်းရင်းသား လူဦးရေများ စုပေါင်းလျှင်တောင်မှ မမီသည့် အနေအထားရှိနေပြီ ဖြစ်ပြီး နိုင်ငံရေးအရ မဲများသူက နိုင်မည် ဖြစ်သဖြင့် ယင်း လက်နက်ကိုင် အဖွဲ့ကပင် နယ်မြေကို လက်နက်နှင့် အပြင် နိုင်ငံရေးအရပါ လွှမ်းမိုးတော့မည် ဖြစ်သလို အထက်မှ ပြဆိုခဲ့သည့် ဝေစား မျှစား လုပ်မှုက စစ်ရေးအရတွင် သာမက နိုင်ငံရေးအရ ပါ စိုးမိုးတော့မည် ဖြစ်ပေသည်။

.

ကိုယ်စားပြု ဒီမိုကရေစီကို ကျင့်သုံးရာတွင် ပါတီကိုယ်စားပြု၊ လူမျိုး ကိုယ်စားပြု၊ နယ်မြေကိုယ်စားပြု စသည်တို့ ရှိရာ ယခုတွင် ၂၀၂၀ ထွက်ပေါ်လာမည့် ရလဒ်ကို မှန်းဆကြည့်ပါက အဆိုပါ ကိုယ်စားပြုမှုများ အစား အမိန့်ဖြင့် မဲပေးစနစ်ကို ကျင့်သုံးခဲ့ပြီး လူအင်အားဖြင့် အနိုင်ယူမည့် ထိတို့၍ မရသူများက ၄င်းတို့ အကျိုးစီးပွားအတွက်သာ ကိုယ်စားပြုတော့မည်ကို ရင်လေးစွာဖြင့် တွေ့ကြုံ ရနိုင်တော့မည် ဖြစ်ကြောင်းပါ။

.

စကားပြောဆိုကြရာတွင် မကောင်းမှု တစ်ခုကို ပြောကြပါက ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ မပြောကောင်း မဆိုကောင်းဟု ဆိုရိုးရှိသလို ယခုတွင်လည်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဟု တမ်းတ ရေရွတ်ရင်းဖြင့်သာ

No comments:

Post a Comment

Journal Download

Photo of three cats

About