မိုင်းထွန်း
.
ကျောက်မဲမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ Quarantine Center တွင် အသွားအလာ ကန့်သတ် ထားရှိထားသည့် ဒေသခံယာဉ်မောင်း ၆၅ ဦး၏ ဓါတ်ခွဲနမူနာများကို
ယမန်နေ့ အောက်တိုဘာလ ၅ ရက်၊ နေ့လယ်ပိုင်း က ရယူခဲ့ပြီး ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
အဆိုပါ ယာဉ်မောင်းများသည် ကျောက်မဲမြို့အနီးတစ်ဝိုက်တွင်
ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်းများဖြစ်ကြပြီး ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးကင်းစင်ပါက ၎င်းတို့အားHome Quarantine အဖြစ် နေအိမ်တွင် ၇ ရက် ထပ်မံ၍ အသွားအလာ ကန့်သတ်
ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။
.
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ ကျောက်မဲသို့ ကုန်အတင်/အချ
ပြုလုပ်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများကို မြို့အဝင် ခိုမုန်းကျေးရွာ
စာသင်ကျောင်းတွင် အသွားအလာ ကန့်သတ်ထားပြီး ယာဉ်မောင်း လဲလှယ်စေ၍ ကုန်အတင်အချ
ပြုလုပ်သည့် စနစ်ကို စတင်ကျင့်သုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အောက်တိုဘာလ ၃ ရက်မှ စတင်၍ ကျောက်မဲမြို့အနီး၌
ပိတ်မိနေသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို
ခိုမုန်းကျေးရွာရှိ စစ်ဆေးရေးဂိတ် (Check Point-2)အနီးတွင် Test Kits ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း/ယာဉ်နောက်လိုက်
စုစုပေါင်း ၉၁ ဦးအနက် မိတ္ထီလာ ဘက်မှ လာသည့် ယာဉ်နောက်လိုက် တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment