အောင်ပန်းတွင် မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

အောင်ပန်းတွင် မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်၊ ညနေပိုင်းက မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့၊ အမှတ် (၁) ရပ်ကွက်‌နေ ယာဉ်မောင်း ဝင်းမောင် မောင်းနှင်သည့် MITSUBISHI CANTER အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် အောက်တိုဘာလ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၇၆/၂) နှင့် (၇၆/၃) အကြား၊ Lucky 7 စက်သုံးဆီဆိုင်အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး ဆန့်ကျင်ဘက်မှ ရပ်စောက်မြို့နယ်၊ ဗမာတိုးကျေးရွာနေ ယာဉ်မောင်း ကိုငယ်လေး မောင်းနှင်ပြီး ဦးဝင်းမြင့်နိုင် လိုက်ပါစီးနင်းလာသည့် MAZDA LIGHT TRUCK အမျိုးအစား အဖြူရောင်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဝင်းမောင်တွင် ဝဲဘက်မေးရိုးအောက် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်း ဝဲဘက် ဂျိုစောင်း နာကျင်ဒဏ်ရာ၊ နှာခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး တစ်ဘက်ယာဉ်ပေါ်မှ လိုက်ပါလာသူ ဦးဝင်းမြင့်နိုင်တွင် ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ခြေဖမိုး ဖုယောင်ဒဏ်ရာ၊ နဖူးဝဲဘက် ဖုရောင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောသို့ ဝင်ရောက် တိုက်မိကာ မိမိကိုယ်တိုင်နှင့် တစ်ပါးသူအား ထိခိုက်ဒဏ်ရာရစေသူ CANTER ယာဉ်မောင်း ဝင်းမောင် အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၅၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About