ဈေးကွက်အတွင်း မြန်မာ့ရိုးရာ ရောင်စုံမီးပုံးများ ရောင်းအားကျဆင်းနေ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 28, 2020

ဈေးကွက်အတွင်း မြန်မာ့ရိုးရာ ရောင်စုံမီးပုံးများ ရောင်းအားကျဆင်းနေ ဟုဆို

အောင်ဆန်းဝင်း၊ မော်မော်

.

မြို့တော်တောင်ကြီးတွင် သီတင်းကျွတ်အခါကာလသို့ ရောက်ရှိနေသော်လည်း မြန်မာ့ရိုးရာ ရောင်စုံမီးပုံးများ ယခင်နှစ်ကဲ့သို့ ရောင်းအားမကောင်းဘဲ ကျဆင်းနေရသည်ဟု သိရသည်။

.

.

ယင်းကဲ့သို့ မြန်မာ့ရိုးရာ ရောင်စုံမီးပုံးများ ရောင်းအားကျဆင်းရခြင်းမှာ ဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံ ထုတ် မီးပုံးများ ဝင်ရောက်လာနေပြီး ဈေးနှုန်းအရလည်း သက်သာသည့်အတွက် ဖြစ်သည်ဟု မီးပုံး ရောင်းချသူများထံက သိရသည်။

.

“အရင်နှစ်ကလောက်တော့ မရောင်းရဘူး။ ဒီနှစ်ကလူတွေ အပြင်သိပ်မထွက်တာလည်း ပါမယ်ထင်တယ်။ နောက်အခုနောက်ပိုင်း ရောင်စုံမီးပုံးတွေထက် လျှပ်စစ်အလှမီးတွေ သုံးတာများလာတော့ မီးပုံးတွေက အရင်လောက် မရောင်းရတော့ဘူး” ဟု တောင်ကြီးမြို့၊ ရဲဘော်စျေးအနီးတွင် ရောင်စုံမီးပုံးရောင်းချသူ မအေးမြင့် ကကမ္ဘောဇတိုင်း သို့ပြောသည်။

.

ထို့အတူ မြန်မာ့ရိုးရာမီးပုံး ပြုလုပ်ရောင်းချသူ မသူဇာကလည်း “ကျွန်မတို့ကတော့ ဒီနှစ်မှ စလုပ်ရောင်းတာ ဆိုတော့ သိပ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ အရောင်းပါးတာတော့ အမှန်ပါပဲ။ ပွဲတော်တွေ မလုပ်ရတာ ကြောင့်လည်း ပါမယ်ထင်ပါတယ်။ တချို့ကျတော့ တရုတ်မီးပုံးတွေ ပိုကြိုက်တယ်။ တချို့ကျတော့လည်း မီးလောင်မှာစိုးလို့ ဆိုပြီးတော့ လျှပ်စစ်မီးနဲ့ပဲ ထွန်းကြတော့တယ်။ ရိုးရာမီးပုံးတွေ သိပ်မသုံးကြတော့ဘူး” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ရိုးရာမီးပုံးပြုလုပ်သူတစ်ဦးလျှင် အနည်းဆုံး တစ်ရက် ၁၀ လုံးခန့်မှ ကျွမ်းကျင်မှုအပေါ်မူတည်၍ ပြီးစီး နိုင်ပြီး တစ်လုံးလျှင် ဈေးကွက်အတွင်း ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ပြန်လည်ရောင်းချရကြောင်း သိရသည်။

.

မြန်မာ့ရိုးရာရောင်စုံမီးပုံး စျေးကွက်လျော့နည်းလာသည့်အပြင် သီတင်းကျွတ်ချိန်ခါတွင် မြန်မာကလေးငယ် များ ဆော့ကစားသည့် မီးပုံးအရုပ်များလည်း ပျောက်ကွယ်နေသည့်အတွက် ရိုးရာရောင်စုံမီးပုံးနှင့် အရုပ်မီးပုံး စျေးကွက်အား ပြန်လည်ဖော်ဆောင်သင့်သည်ဟု ဒေသခံများထံက သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About