မင်းဇော်မင်း
.
မူဆယ်မြို့မရဲစခန်းနှင့်
မန့်ဟီးရိုးနယ်မြေရဲစခန်းတို့မှ ဖမ်းဆီးရမိပြီး တရားစွဲတင်ထားသည့် အမှု ၅ မှုမှ သိမ်းဆည်းရမိ
ဓါတုပစ္စည်းများအား ယနေ့ အောက်တိုဘာလ ၆ ရက်၊ နံနက်ပိုင်းက မူဆယ်မြို့နယ်၊ တုန်ခန်-ကျင်စန်းကျော့သွားလမ်း၊
ဟိုနောက်ကျေးရွာ အနောက်တောင်ကြား ကွင်းပြင်တွင် အခမ်းအနားဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.“ထိန်းချုပ် ဓါတုပစ္စည်းတွေကို
ဒီနေ့ (အောက်တိုဘာလ ၆ ရက်) မနက် ၇ နာရီက ဖျက်ဆီးခဲ့တာပါ” ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖျက်ဆီးခဲ့သည့် ထိန်းချုပ်ဓါတုပစ္စည်းများမှာ
မူဆယ်မြို့မရဲစခန်း၏ မယ (ပ) ၁၀၁/၁၈ အမှုမှ ဟိုက်ဒြိုကလိုရစ် အက်ဆစ် ၉၅၉၉ ဒသမ ၄
လီတာ၊ မယ(ပ) ၄/၁၉ အမှုမှ အီသိုင်း အီသာ ၈၉၄၂ လီတာ၊ မက်သနော ၂၀၇၆ ဒသမ ၇၅ လီတာ၊ မယ (ပ) ၅၂၈/၁၉ အမှု
မှ အီသိုင်းအက်ဆီတစ် ၁၂၇၉၈ လီတာ၊ မန့်ဟီးရိုးနယ်မြေရဲစခန်း၏ မယ(ပ) ၄/၁၉ အမှုမှ
အက်ဆီတုံး ၅၄၂၀ ဒသမ ၁၄ လီတာ၊ မယ(ပ) ၅/၁၉ အမှုမှအက်ဆီ တုံး၁၁၈၁၈ ဒသမ ၅၄ လီတာ တို့
ဖြစ်ကြောင်းသိရသည်။
.
အဆိုပါ ထိန်းချုပ်
ဓာတုပစ္စည်းများကို မြေကြီးတွင် တွင်းများတူး၍ သွန်ထည့်ကာ
မြေမြုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဖျက်ဆီးပွဲသို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်
ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။
.
No comments:
Post a Comment