တာချီလိတ်တွင် တရားမဝင် တောလမ်းမှ လမ်းလျှောက်ဝင်လာသည့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 20, 2020

တာချီလိတ်တွင် တရားမဝင် တောလမ်းမှ လမ်းလျှောက်ဝင်လာသည့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းမိ

မင်းဇော်မင်း

.

တာချီလိတ်မြို့နယ်၊ မုံးကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်၊ ညပိုင်းက မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် တောလမ်းမှ လမ်းလျှောက်ဝင်လာသည့် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရဿည်။

.

 

တာချီလိတ်မြို့နယ်၊ မုံးကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာ ပြည်သူ့စစ်စခန်းရှေ့တွင် အောက်တိုဘာလ ၁၈ ရက်၊ ည ၁၀ နာရီခွဲခန့်က မသင်္ကာဖွယ် လူ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

.

ယင်း တရုတ်နိုင်ငံသား ၂ ဦးမှာ တရုတ်နိုင်ငံ၊ ကွေ့ယမ်ခရိုင်၊ ကွေကျိုမြို့နေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည့် Mr Du Lang (၂၂)နှစ် နှင့်Mr Zhang Ding Hong (၂၀)နှစ် တို့ဖြစ်ကြပြီး ၎င်းတို့ ၂ ဦးသည် လွန်ခဲ့သည့် ၁၃ ရက်ခန့်က တောလမ်းခြေလျင်ခရီးဖြင့် မိုင်းပေါက်-မိုင်းလား-ကျိုင်းတုံမှ တရားမ၀င်လမ်းကြောင်းဖြင့် တာချီလိတ်မြို့သို့ တရားဝင်အထောက်အထား ပတ်စ်ပို့၊ ဗီဇာများ မပါဘဲ ၀င်ရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

.

အဆိုပါ တရားမ၀င် ၀င်ရောက်လာသူ တရုတ်နိုင်ငံသား ၂ ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၇/၂၀၂၀၊လ၀က အက်ဥပဒေပုဒ်မ ၃(၁)ကျုး/၁၃(၁) ဖြင့် အမှုဖွင့် အရေယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats