ကမ္ဘောဇတိုင်း
.
မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊
ညနေပိုင်းက ငွေကျပ်သိန်းပေါင်း ၂၅၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က
မဘိမ်းမြို့နယ်၊ တုံကွာကျေးရွာ အုပ်စု၊ တုံကွာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်
တုံကွာ-စီပိန်း သွားလမ်းတွင် တုံကွာကျေးရွာ ဘက်မှ စီပိန်းကျေးရွာဘက်သို့
တုံကွာကျေးရွာအုပ်စု၊ နမ့်ဟွန်ကျေးရွာနေသူများဖြစ်သည့် ထက်ရှိုင်း၊ မောင်းနှင်ပြီး
မအေးနန္ဒာရည်နှင့် မံစီမြို့နယ်၊ စီအူကျေးရွာနေ ကျော်ဇေယျာ တို့ စီးနင်းလိုက်ပါလာသည့်
မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ထက်ရှိုင်း
လွယ်ထားသောကျောပိုးအိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၂၅၈၀ဝ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၈ သိန်းအား တွေ့ရှိ
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထက်ရှိုင်း၊
အေးနန္ဒာရည်နှင့် ကျော်ဇေယျာတို့ ၃ ဦးအား မဘိမ်းမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.