ရှမ်းပြည်နယ်ကျေးလက်ဦးစီးဌာန၏ ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော် တန်ဖိုးရှိ လုပ်ငန်းများအား တင်ဒါ ခေါ်ယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 26, 2020

ရှမ်းပြည်နယ်ကျေးလက်ဦးစီးဌာန၏ ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော် တန်ဖိုးရှိ လုပ်ငန်းများအား တင်ဒါ ခေါ်ယူထား

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော် တန်ဖိုးရှိ လုပ်ငန်း များကို တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

.



.

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါခေါ်ယူ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပွဲများ ဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Zoom Meeting ဖြင့်တက်ရောက်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်းနှင့် ယင်း တင်ဒါလုပ်ငန်းများအားလုံးကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) နှင့်အညီ ခေါ်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

.

ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၆၉၂ ဒသမ ၁၇၃ သန်းဖြင့် ရုံးအဆောက်အဦ ၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၄ လုံး၊ ကုန်ထုတ် လမ်း ၁၀၇ လမ်း၊ ၁၈၄/၁.၅ မိုင်၊ ကုန်ထုတ်တံတား ၂၂၇ စင်း၊ ၁၆၀၇ ပေ၊ ရေရရှိရေးလုပ်ငန်း ၃၈၂ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါလုပ်ငန်းများအနက် ကျပ်သန်း ၁၀၀ အထက်နှင့် ကျပ်သန်း ၁၀၀ အောက် လုပ်ငန်းအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်များက နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က တင်ဒါခေါ်ယူ ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊အရှေ့ပိုင်း)မှ ပြည်နယ်ဦးစီးမှူးများက တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကုမ္ပဏီများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About