အောင်ဆန်း
.
လားရှိုးမြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က
အောက်တိုဘာလ ၂ ရက်၊ နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ပြန်လည်ခုခံ တိုက်ခိုက်ခြင်းကြောင့်
ပစ်ခတ် ဖမ်းဆီးရာ တရားခံအမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် သတင်းအရ လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂)၊
ခိုင်ရွှေဝါလမ်း၊ အမှတ်(င/၂/၁၂၈)နေ နော်အောင် (ခ) လမုန်နော်အောင်၏ နေအိမ်အား
ဝင်ရောက် ရှာဖွေစဉ် နေအိမ ်ဧည့်ခန်း၌ အိမ်ရှင်နှင့်အတူ စိုင်းနော်(ခ) ဒီလာ၊ ခွန်ဖုန်းတို့အား တွေ့ရှိ၍ နေအိမ်အား ရှာဖွေစစ်ဆေးမည် ဖြစ်ကြောင်း
ပြောကြားနေစဉ် အိမ်ရှင် နော်အောင်(ခ) လမုန်နော်အောင်မှ အရိုးအသွား ၂၆ လက်မခန့်ရှိ
ဓားဦးချွန်ဖြင့် ဦးဆောင် ဖမ်းဆီးသူ ရဲအရာရှိအား ဝင်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ပထမ
သတိပေး ပစ်ခတ်သော်လည်း
နော်အောင်(ခ) လမုန်နော်အောင်မှ ဆက်လက်ရန်ပြု တိုက်ခိုက်မှုများ ပြုလုပ်ပြီး ရဲအရာရှိ၏
ပစ္စတိုသေနတ်အား လုယူရန် ကြိုးစားလာခဲ့၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ၎င်း၏
ဝဲဘက်ရင်ညွန့်တွင် ကျည်ထိမှန်ကာ ရရှိသော ဒဏ်ရာဖြင့်
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း နေအိမ်မှ ဘိန်းဖြူ ၈၀ ဒသမ ၉ ဂရမ်နှင့် ၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြားတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။