ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံသွား ကားလမ်း၊ ကျိုင်းဖောင်းကျေးရွာအနီးရှိ
COVID-19 ကျန်းမာရေး စစ်ဆေးရေးစခန်းတွင် အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းက ငွေကျပ်
၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျိုင်းဖောင်ကျေးရွာအနီးရှိ COVID-19 စစ်ဆေးရေးစခန်းတွင် အောက်တိုဘာလ
၁၂ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့်
Vigo အမျိုးအစားမော်တော်ယာဉ်အား တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့မှတားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ
မောင်းနှင်ထွက်ပြေး သဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ၉ နာရီခွဲ အချိန်တွင် ကျိုင်းတုံမြို့၊
ရပ်ကွက်(၁)၊ နောင်ရိုးလမ်း၊ ယာဉ်ထိန်းရုံးရှေ့တွင် အဆိုပါကားကို ကျဟဲ၊ ကျစောနဲ တို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းရှိ
ဆာလာအိတ်များ အတွင်းမှ ဘိန်းဖြူ ၁၁၀ ဒသမ ၉၅ ကီလို၊ ကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၆၄၂၅
အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျဟဲနှင့် ကျစောနဲတို့
၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူပြီး
ကွင်းဆက်များ စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment