တောင်ကြီးမြို့၊ အောင်မြေသာစည် ရွှေကျင်ကျောင်းတိုက်တွင် အာသောက နာမှုကူညီရေးအသင်း ရုံးခန်း ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 25, 2020

တောင်ကြီးမြို့၊ အောင်မြေသာစည် ရွှေကျင်ကျောင်းတိုက်တွင် အာသောက နာမှုကူညီရေးအသင်း ရုံးခန်း ဖွင့်လှစ်

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ အောင်မြေသာစည် ရွှေကျင်ကျောင်းတိုက်အတွင်း ယနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းက အာသောက နာမှုကူညီရေးအသင်းရုံးခန်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

.

.

အာသောကနာမှုကူညီရေးအသင်းအား စွန်းလွန်းဆရာတော်၊ မဟာဓမ္မိကာရာမကျောင်းတိုက်ဆရာတော်၊ ဘုရားကြီးမြောက်ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်၊ အောင်မြေသာစည်ရွှေကျင်ကျောင်းတိုက်ဆရာတော်၊ အောင်မေတ္တာပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးများ၏ သြဝါဒခံယူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်အတော်များများမှာ နာရေးကူညီမှုအသင်းလေးတွေဖွဲ့ထားကြပါတယ်။ ကျွန်တော်တို့ ကံသာရပ်ကွက်က မရှိသေးတော့ ရပ်ကွက်ထဲကအလှူရှင်တွေရဲ့စုပေါင်းအားလေးနဲ့ လုပ်ဖြစ်သွား တာပါ။ ရပ်ကွက်ထဲကနာမှုကိစ္စတွေပေါ်လာခဲ့ရင် အဆင်ပြေပြေဆောင်ရွက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအသင်းကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်” ဟု အာသောကနာမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးမြင့်အောင် က ကမ္ဘောဇတိုင်းသို့ပြောသည်။

.

အသင်းအတွက်လိုအပ်သည့် နာမှုကူညီရေးမော်တော်ယာဉ်အား မြင်းဖြူနှစ်ကောင်ဆေးတိုက်မှလှူဒါန်းပေးပြီး အခြားလိုအပ်သည်များကိုလည်း ရပ်ကွက်အတွင်းရှိအလှူရှင်များမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရသည်။

.

အောင်မြေသာစည်ရွှေကျင်ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် အာသောကနာမှုကူညီရေးအသင်းအား ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ အလှူရှင်များ၏စုပေါင်းလှူဒါန်းငွေ ၂၃၅ သိန်းဖြင့် ရုံးခန်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About