မင်းဇော်မင်း
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တွင် အောက်တိုဘာလ
၃ ရက်၊ ညပိုင်းက အရက်မူးပြီး စကားများရန်ဖြစ်ရာမှ မှန်ကွဲစဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ မြတ်လေးလမ်း၊ နယ်မြေ
(၁) နေ ကျော်ဇင်ထက် ဆိုသူသည် အောက်တိုဘာလ ၃ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်က အရက်မူးပြီး
တစ်ရပ်ကွက်တည်းနေ ထွန်းမောင်နှင့် စကားများရာ ထွန်းမောင်မှ ကျော်ဇင်ထက်အား မှန်ကွဲစဖြင့်ထိုးရာ
ကျော်ဇင်ထက်တွင် လည်ပင်းနှင့် ဝဲဘက်လက်မတို့၌ ပြတ်ရှ ဒဏ်ရာများ ရရှိပြီး အောင်ပန်းဆေးရုံသို့
ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ထွန်းမောင်က ၃၄/၃၅ နှစ်လောက်ရှိပါပြီ။ မနေ့က သူ့ပစ္စည်း၊ ဖုန်းနဲ့ဆိုင်ကယ်ကိစ္စ
စကားများရင်းနဲ့လက်လွန် သွားတယ်ထင်တယ်။ သူ့မိန်းမကတော့ ကျော်ဇင်ထက်ကို
ဆေးရုံမှာသွားကြည့်နေပြီ။ လူနာလည်း သက်သာလာတယ် ပြောတယ်။ ဒီမနက်မှ
မောင်ထွန်း(ထွန်းမောင်) အဖမ်းခံပါတယ်”ဟု ထွန်းမောင်၏ ယောက္ခမတော်စပ်သူ ဦးဝင်းအောင် က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အဆိုပါ မှန်ကွဲစဖြင့် ထိုးသူ ထွန်းမောင်အား အောင်ပန်းနယ်မြေရဲစခန်းတွင်
(ပ)၁၆၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment