တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ ကားကြိတ် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 19, 2020

တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ ကားကြိတ် သေဆုံး

စုလှိုင်

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ပြည်တော်အေးလမ်းသွယ်အတွင်း ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ ကားကြိတ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ မခိုင်ခိုင်မော် မောင်းနှင်ပြီး နောက်မှ ဒေါ်နွဲ့ရီဝင်း လိုက်ပါစီးနင်းလာသော မော်တော် ဆိုင်ကယ်သည် အောက်တိုဘာလ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ကံသာရပ်ကွက်၊ ပြည်တော်အေး လမ်းအတွင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ဆောက်လက်စ အဆောက်အဦတစ်ခု ရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော မော်တော်ယာဉ်၏ နောက်ဘက် ဝဲခြမ်းအား ဆိုင်ကယ်လက်ကိုင်ဖြင့် ချိတ်မိ တိမ်းမှောက်ခဲ့ရာ ဆိုင်ကယ်နောက်တွင် ပါလာသူ ဒေါ်နွဲ့ရီဝင်းမှာ လမ်းပေါ်သို့ ပြုတ်ကျခဲ့ပြီး မျက်နှာချင်းဆိုင် မှ ယာဉ်မောင်း ဦးစန်း‌ဌေး မောင်းနှင်လာသော မော်တော်ယာဉ်၏ ဝဲနောက်ဘီးဖြင့် ကြိတ်မိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်ပြီး အခြားသူအား ဒဏ်ရာရသေဆုံး စေသူ ဆိုင်ကယ်ယာဉ်မောင်း မခိုင်ခိုင်အား အမှုဖွင့်အရေးယူနိုင်ရေးအတွက် တောင်ကြီးမြို့မရဲစခန်းတွင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About