ကျိုင်းတုံတွင် အမျိုးသမီးတစ်ဦးအား မသေမချင်း ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 30, 2020

ကျိုင်းတုံတွင် အမျိုးသမီးတစ်ဦးအား မသေမချင်း ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွား

ကမ္ဘောဇတိုင်း

.

ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာခါဈေးလမ်းတွင် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်း က အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးမှ မသေမချင်း ဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ မြို့သစ်ရပ်၊ အမှတ် (၃) ရပ်ကွက်နေ မောင်ကျော်မျိုးသန့်သည် အောက်တိုဘာလ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ကျိုင်းတုံ-လွယ်မွေသွား ကားလမ်းရှိ ဆမ်လောဝ်စက်သုံးဆီဆိုင်တွင် ဆီရောင်း နေစဉ် ၎င်းမိခင်၏ သူငယ်ချင်းဖြစ်သူမှ အရေးတကြီးပြောစရာရှိသဖြင့် ချက်ခြင်း လိုက်ခဲ့ရန် လာရောက် ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ရာ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာခါဈေးလမ်းရှိ ဒေါ်သန်းယဉ်၏ နေအိမ်ခြံရှေ့ အရောက်တွင် ၎င်း၏မိခင် ဒေါ်ဌေးဌေးဝင်းအား မှောက်လျက်အနေအထားဖြင့် ယာဘက်ပါး သွေးထွက်၊ ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ၊ ယာလက်ပြင် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက်တင်ပဆုံ ထိုးသွင်းဒဏ်ရာ၊ အောက်နှုတ်ခမ်းနှင့် မေးစေ့ ပြတ်ရှဒဏ်ရာ၊ ဝဲကျောနောက် နံရိုး ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံး နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ မေးမြန်းရာ ဒေါ်သန်းယဉ်၏ သားဖြစ်သူ ကျော်ကျော်စိုးမှ ၎င်းကိုင်ဆောင်သော ကင်ဒိုဓါးဖြင့် ဒေါ်ဌေးဌေးဝင်းအား မသေမချင်း ထိုးသတ်၍ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒေါ်သန်းယဉ်မှ သားဖြစ်သူ ကျော်ကျော်စိုးအား ဝင်ရောက်တားဆီးရာ ၎င်း၏ ယာတံတောင်ဆစ်တွင် ဓါးဖြင့်ထိုးမိ၍ ပြတ်၍ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဓါးဖြင့် ထိုးသတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်ဌေးဌေးဝင်း၏ သားဖြစ်သူ မောင်ကျော်မျိုးသန့် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၇၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၄ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်သူအား ကျိုင်းတုံမြို့မရဲစခန်းတွင် ချုပ်နှောင် ထားရှိကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About