နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နေလူထုများ
လျှပ်စစ်ဓါတ်အား အပြည့်အဝ သုံးစွဲနိုင်ရေးနှင့် ဓါတ်အားလျော့နည်းရရှိမှု မဖြစ်ပေါ်စေရေးအတွက်
ထရန်စဖော်မာများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင် ထရန်စဖော်မာ ၂ လုံး အသစ် ထပ်မံတပ်ဆင်သွာမည်ဖြစ်ပြီး
ယခင်ရှိပြီး ထရန်စဖော်မာ များကိုလည်း ပြန်လည်ပြုပြင်သွားမည်ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရ၏
ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
“လောလောဆယ် တုံခမ်းအဝင် သစ်တောရှေ့နားမှာ 200 KV ထရန်စဖော်မာတစ်လုံး
ထိုင်မယ်။ နောက်ပြီး မြို့လယ်က ထရန်စဖော်မာကို ကောင်းအောင် ပြန်လုပ်မှာပေါ့။ နောက်နှစ်
၂၀၂၀-၂၀၂၁ ဘတ်ဂျက်ထဲမှာ မြို့ဦးရပ်ကွက်မှာ ၂၀၀ ဗို့ ထရန်စဖော်မာတစ်လုံး လုပ်ဖို့ရှိမယ်။
နောက်ထပ်လည်း လာဖို့ ရှိပါသေးတယ်” ဟု ဟိုပုံးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်ထွန်းနိုင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ ဆွမ်မီကျောင်းလမ်းနှင့် တောင်ရပ်ကွက်တို့တွင်လည်း
အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေး အတွက် A 95 ဓါတ်အားကြိုးများဖြင့် အစားထိုး လဲလှယ်
ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ဟိုပုံးမြို့တွင် မြို့ပေါ်ရပ်ကွက် ၆ ခုရှိပြီး တစ်နှစ်ထက်တစ်နှစ်
လူဦးရေနှင့် အိမ်ခြေ ထူထပ်များပြားလာမှု၊ စီးပွားရေး လုပ်ငန်းများ တိုးချဲ့လာမှုနှင့်အတူ
လူနေရပ်ကွက်များ အတွင်း အသေးစား စက်မှုလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် လျှပ်စစ်ဓါတ်အားရရှိမှု
လျော့နည်းလာပြီး ဓါတ်အား မတည်ငြိမ်မှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
.
No comments:
Post a Comment