စုလှိုင်
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင်
အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းက အရှိန်မထိန်းနိုင်သော မော်တော်ဆိုင်ကယ်မှ လမ်းလယ်ကျွန်းမျောအား
ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
.
.မိုင်းပန်မြို့၊ ကွက်သစ် (၁၂) နေ မျိုးညွန့် မောင်းနှင်သော
ဆိုင်ကယ်သည် အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြောက်မှ
တောင်သို့ မောင်းနှင်လာစဉ် သစ်တောရပ်ကွက်၊ ရဲမာန် (၁) ရိပ်သာရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ
လမ်းလယ်ကျွန်းမျောအုတ်ခုံအား ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မျိုးညွန့်တွင်
ယာဦးခေါင်း၊ မျက်ခုံးကွဲ၊ ဝဲခြေထောက် နာကျင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်
မောင်းနှင်သူ မျိုးညွန့်အား တောင်ကြီးမြို့မရဲစခန်းမှ ယာဉ် (ပ) ၂၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နေ့လယ်ပိုင်းက တောင်ကြီး-အေးသာယာအတက်လမ်း၊
စိုက်ပျိုးရေးကွေ့ အနီးတွင် အမျိုးသား ၂ ဦးလိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်မှ
ရှေ့ရှိမော်တော်ယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ်တိမ်းမှောက်ကာ နောက်မှလိုက်ပါလာသူ အမျိုးသားတွင်
စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.