ရွှေညောင်ဈေးအား ၄ ရက်ဖွင့်၊ တစ်ရက်ပိတ်စနစ် ကျင့်သုံးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

ရွှေညောင်ဈေးအား ၄ ရက်ဖွင့်၊ တစ်ရက်ပိတ်စနစ် ကျင့်သုံးမည်

စိုင်းမျိုးမြတ်

.

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေညောင်ဈေးအား ၄ ရက်ဖွင့်၊ တစ်ရက်ပိတ် စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က ပြုလုပ်သော ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီနှင့် ဌာနဆိုင်ရာများ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“ဈေးစဖွင့်ကတည်းက ဆေးဖြန်းတာတွေ လုပ်တာ မရှိဘူး။ မိုးတွင်းဆို‌တော့ အနံ့အသက်လည်း ထွက်လာတယ်။ ဒါကြောင့် ၄ ရက်ဖွင့်ပြီး တစ်ရက် နားတဲ့အချိန်ကျရင် ကျွန်တ်ောတို့ ဆေးဖြန်းတာတွေလုပ်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က လုပ်တဲ့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်း အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ” ဟု ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ရွှေညောင်ဈေးကို ပုံမှန်အားဖြင့် ၄ ရက်ဖွင့် တစ်ရက်ပိတ်စနစ် ကျင့်သုံးမည့်အပြင် လပြည့်၊ လကွယ်နေ့များ တွင်လည်း ဈေးပိတ်ထားမည်ဖြစ်သည်ဟု သိရသည်။

.

ရွှေညောင်မြို့တွင် မြေနေရာအခက်အခဲကြောင့် နေရာခြား၍ ဈေးဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေသဖြင့် ဈေးကော်မတီ များနှင့် ညှိနှိုင်း၍ စည်းကမ်းပိုင်း ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိကာ ဈေး မြေနေရာ ချဲ့ထွင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် နေဆဲဖြစ်သည်ဟု သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About