စိုင်းမျိုးမြတ်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်ခရိုင်၊ ပင်လုံမြို့တို့တွင် စက်တင်ဘာလ ၆ ရက်က
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၆ ရက်၊ နံနက် ၉ နာရီခွဲက သတင်းအရ
သက်သေများနှင့်အတူ ဆီဆိုင်မြို့နယ်၊ ကျောင်းချယ်-ဖက်နံသွားလမ်း ပေါ်တွင်
ဖက်နံကျေးရွာဘက်မှ ကျောင်းချယ်ကျေးရွာဘက်သို့ ဆီဆိုင်မြို့နယ်၊
ဖက်နံကျေးရွာနေသူများဖြစ်သည့် တနိုင် (ခ) မောင်နိုင် မောင်းနှင်ပြီး ခွန်တလယ် (ခ) မောင်လယ်
လိုက်ပါလာသည့် AIRWAVE အမျိုးအစား
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း
၁၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ ည
၇ နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
သည် သတင်းအရ သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊
ပင်လုံ-လဲချားသွားလမ်းပေါ်တွင် မော်တော် ယာဉ်များအား
စစ်ဆေးရှာဖွေမှုများပြုလုပ်စဉ် လဲချားမြို့ဘက်မှ ပင်လုံမြို့ဘက်သို့
ကျေးသီးမြို့နယ်၊ ရပ်ကွက်(၂)နေ စိုင်းစံညွန့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား
ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင် လာသည့် ဆာလာအိတ်အတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၁၉၈ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် သက်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment