ခွန်သန်းအောင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊
ယကြီးကျေးရွာအုပ်စု၊ တောင်ပို့ကွဲကျေးရွာတွင် အရွယ် မရောက်သေးသည့်
မိန်းကလေးငယ်တစ်ဦးအား ဆွေမျိုးမကင်းသူ အမျိုးသား တစ်ဦးက သားမယား အဖြစ်ပြုကျင့်မှုဖြစ်ပွားသဖြင့်
ကျူးလွန်သူအား အောက်တိုဘာ ၂၇ ရက်၊ ညနေပိုင်းက ရွာငံမြို့မရဲစခန်းမှ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ တောင်ပို့ကွဲကျေးရွာနေ
ဖခင်တစ်ဦးသည် အောက်တိုဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲအချိန်ခန့်က နေအိမ်သို့ ပြန်လာရာတွင်
အသက် ၁၄ နှစ်ခန့်သာ ရှိသေးသည့် ၇ တန်း ကျောင်းသူ ၎င်း၏သမီးမှာ ငိုကြွေးနေသည်ကို တွေ့ရသဖြင့်
မေးမြန်းရာ သမီးဖြစ်သူမှ အောက်တိုဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက တစ်ရွာတည်းနေ ဖခင်၏ မယားညီအစ်ကိုတော်စပ်သူ
ဇော်ဝမ်း၏အိမ်သို့ သွားရောက် လည်ပတ်စဉ် ဇော်ဝမ်းက သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး
မည်သူမျှ မပြောရန် ပြောကြားခဲ့ကြောင်း ပြန်လည်ပြောပြခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ အရွယ်မရောက်သေးသည့် သမီးအား သားမယားအဖြစ် ပြုကျင့်မှုနှင့်
ပတ်သက်၍ ဖခင်ဖြစ်သူမှ အမှုဖွင့်တိုင်တန်းသဖြင့် ကျူးလွန်သူအား ရွာငံမြို့မရဲစခန်းတွင်
အောက်တိုဘာလ ၂၇ ရက်၊ ညပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါဖြစ်စဉ်မှ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်အား
သားမယားအဖြစ်ပြုကျင့်သူ ဇော်ဝမ်း ကို ရွာငံ မြို့မရဲစခန်းမှ (ပ) ၆၁/၂၀၂၀ ၊
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးချုပ်နှောင်ထားရှိကာ လိုအပ် သည်များ စစ်ဆေးဆောင်
ရွက်လျက်ရှိကြောင်း သိရသည်။
.