နမ္မတူမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများ ရပ်တန့်ပေးရန် ဒေသခံများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ္မတူမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများ ရပ်တန့်ပေးရန် ဒေသခံများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့

မင်းဇော်မင်း                

.

ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးရှိ နမ္မတူမြစ် (ခ) မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများကို ရပ်တန့်ပေးရေးအတွက် ဒေသခံများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်ထံသို့ အောက်တိုဘာ ရက်တွင်  အိတ်ဖွင့်ပေးစာကို စာတိုက်မှတဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

.

“ ကျွန်မတို့ ဒေသခံတွေက တောက်လျှောက် ကန့်ကွက်ခဲ့တာ အရင်အစိုးရ လက်ထက်ရော၊ အခုအစိုးရ လက်ထက်ရော ဘာမှ အကြောင်းပြန်တာ မရှိခဲ့ဘူး အခုကတော့ ဒေါ်အောင်ဆန်းစုကြည်ထံကို ပထမဆုံး တင်ပြပေးပို့လိုက်တာပါ။ ဒေသခံတွေရဲ့ အသံ အစစ်အမှန်ကို ကြားပြီး လူထုအတွက် လုပ်ဆောင်နိုင်ဖို့ပါ။”ဟု တာလုံကျေးရွာမှ ဒေသခံ နန်းလောင်ခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာ စီမံကိန်း ၃ ခု ရှိပြီး နော်ဝေနိုင်ငံပိုင် ကုမ္ပဏီမှ အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် ပြင်သစ်ကုမ္ပဏီများမှ အထက်ရဲရွာစီမံကိန်းနှင့် နမ္မတူ(သီပေါ)ရေကာတာ စီမံကိန်းများသည် စစ်မက်ဖြစ်ပွားရာ ဒေသတွင် ရှိနေပြီး မြစ်ကို အမှီပြုကာ စိုက်ပျိုးလုပ်ကိုင် နေကြရသည့် လူဦးရေ ၇၀၀ ခန့် နေထိုင်သည့် တာလုံကျေးရွာ ၂ ရွာ ရှိကြောင်း၊ အဆိုပါကျေးရွာများမှ မြစ်ကို အခြေပြုကာ၊ စိုက်ပျိုးရေး၊ တံငါသည် လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေထိုင်နေကြသည်ဟု အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ပါရှိသည်။

.

ထို့အတူ ယင်း ရေကာတာစီမံကိန်းများ အနက် ၂၀၀၈ ခုနှစ်တွင် အထက်ရဲရွာ ရေကာတာစီမံကိန်းကို စတင်ခဲ့ပြီး ယင်းစီမံကိန်း အကျိုးဆက်များကြောင့် ရပ်ရွာများ၊ ဥယျဉ်ခြံမြေများ၊  လယ်ယာများနှင့် စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်းခံရမည်ဟု သိရှိရသဖြင့် ၎င်းဆိုးကျိုးများ သက်ရောက်မှု မရှိစေရန် ဒေသခံများက စုစည်းကာ သက်ဆိုင်ရာဌာနများသို့ ကန့်ကွက် တင်ပြခြင်းဦ ဆန္ဒပြခြင်း စသည်ဖြင့် တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက မည်သည့် တုန့်ပြန်မှုမျှ မရှိခဲ့သဖြင့် ဒေသခံများ၏ လက်မှတ် ၁၈၈၄ ခုဖြင့် စီမံကိန်းများ ရပ်တန့်ပေးရန်၊ ဒေသခံများ၏အသံနှင့် တုန့်ပြန်မှုများကို အသိအမှတ် ပြုပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုရခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

.

ဒေသခံ တိုင်းရင်းသားများက စီမံကိန်းနိုင်ငံများ၏ သံရုံးများသို့ မေတ္တာရပ်ခံစာများ ပေးပို့မှုကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်က ပြင်သစ်နိုင်ငံမှ Engie ကုမ္ပဏီသည် စီမံကိန်းများမှ နှုတ်ထွက်ခဲ့သော်လည်း အခြား ကုမ္ပဏီများဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံမှ  Stucky SA၊ ပြင်သစ်နိုင်ငံမှ IPGRB ၊ တရုတ်နိုင်ငံမှ Yunnam Machinery Import and Export ကုမ္ပဏီနှင့် Zhenjiang Orient Engineering၊ ဂျပန်နိုင်ငံမှ Toshiba နှင့် High Tech Concrete Technology ကုမ္ပဏီတို့ကမူ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats