စိုင်းအောင်ဇော်လင်း
.
မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ မိုင်းဟန်ဆရာတော် ဘဒ္ဒန္တ
ဇဋိလက ၄၃ နှစ်ပြည့် မွေးနေ့အလှူ အဖြစ် ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်
ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် အလှူငွေကျပ် ၁ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.လှူဒါန်းပွဲတွင် ဆရာတော်က ဩဝါဒချီးမြှင့်ပြီးနောက်
မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံ ဆရာတော်က အလှူငွေ
ကျပ်တစ်သိန်းကို ပေးအပ်ကာ တပ်ဖွဲ့မှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်ခဲ့ကြောင်း
သိရသည်။
.
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည်
ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများအား COVID-19
ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ နှိုးဆော်ခြင်း၊
စိတ်ပိုင်း ဆိုင်ရာ အားပေးနှစ်သိမ့်ခြင်း၊ Swab
နမူနာများ ရယူစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး
Facility Quarantine နေထိုင်ပြီးစီးသူများအား အိမ်တိုင်ရာရောက်
ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် မြို့နယ်အတွင်း တောင်ပေါ်ဒေသ
တိုင်းရင်းသားကျေးရွာများမှ ပြည်သူများအား COVID-19 ရောဂါ
ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ
ထောက်ပံ့ ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့်
လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခြင်း၊
ပိုစတာများ ကပ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ တိုက်တွန်းဆော်ဩခြင်းတို့ကို
လုပ်ဆောင်လျက်ရှိပြီး သွေးအလှူရှင်များ စုဆောင်းခြင်း၊
ကိုယ်တိုင်သွေးလှူဒါန်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကာ မတော်တဆမှုနှင့်
သဘာဝဘေး ဖြစ်ပွားချိန်တွင် အသုံးပြုရန် အရေးပေါ်လူနာတင်ယာဉ် လိုအပ်နေ၍ လှူဒါန်းလိုသူများအနေဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ထံသို့
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.
No comments:
Post a Comment