မိုင်းထွန်း
.
ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ (၁) ရှိ ရေဆိုးမြောင်းအတွင်း၌
ယနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ပိုးစွန့်ပစ်ထားသည့်
မွေးကင်းစ ယောက်ျားလေး တစ်ဦးအား တွေ့ရှိခဲ့ပြီး အနီးရှိ စားသောက်ဆိုင်ပိုင်ရှင်မှ မွေးစားထားကြောင်း
သိရသည်။
.
.အမှတ် (၈) ရပ်ကွက်၊ ရေမြောင်းအတွင်း ယနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၄ နာရီခွဲ အချိန်က
ကလေးငိုသံ ကြားသဖြင့် ကလေးခေါ်ယူမွေးစားထားသည့် အမျိုးသမီး၏ မောင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ
ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် အနှီးထုပ်အတွင်းမှ ချက်ကြိုးမဖြတ်ရသေးသည့် မွေးကင်းစ
ကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကလေးအား
မွေးစားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ကျန်းမာရေး ဌာနသို့ အကြောင်းကြား ထားပြီး
ဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment