ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာ လျှပ်စစ်မီး ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 24, 2020

ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာ လျှပ်စစ်မီး ရရှိ

မိုင်းထွန်း

.

ကျောက်မဲမြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ နားပြိန်းကျေးရွာအုပ်စု၊ နားပြိန်းကျေးရွာ မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်တွင် လုပ်ငန်းများ ပြီးစီး၍ ကျေးရွာ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။

.

.

နားပြိန်းကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဟိန်းထက်စွမ်းကုမ္ပဏီမှ ၁၁ ကေဗွီဓါတ်အားလိုင်း ၃ ဒသမ ၅ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ ခွဲရုံ တစ်ရုံနှင့် ၄၀၀ ဗို့ ဓါတ်အားလိုင်း ၁ ဒသမ ၂ မိုင်တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

နားပြိန်းကျေးရွာရှိ အိမ်ခြေ ၉၇ အိမ်အနက် ၉၅ အိမ် မီးလင်းပြီ ဖြစ်သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလင်းပြီဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လျှပ်စစ်မီးစတင်ရရှိသည့် နားပြိန်းကျေးရွာရှိ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေးအတွက်အသိပညာ ပေးဆွေးနွေးခြင်းများကိုလည်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး‌ရေး လုပ်ငန်းမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats