အောင်ဆန်း
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်
စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
အောက်တိုဘာလ ၂ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ
လောက်ကိုင်မြို့၊ ရပ်ကွက်(၃)နေ လိလောက်ဝူး ၏ နေအိမ်ဆိုင်ခန်းအား ဝင်ရောက်ရှာဖွေရာ
၎င်းအား နေအိမ်ဆိုင်ခန်းတွင်တွေ့ရှိပြီး ၎င်းထိုင်နေသည့်ဘေးရှိ ဘေးလွယ်အိတ် အတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၁၅ သိန်း၊ အအေးစုပ်ပိုက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၀၈ ဒသမ ၇ ဂရမ်၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၁၆ ဒသမ ၃ သိန်းနှင့် တရုတ်ငွေ ၇၀၀ ယွမ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လိလောက်ဝူး
အား လောက်ကိုင်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment