မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန် မူးယစ်ဆေးများ သိမ်းဆည်းမိ​သော်လည်း တရားခံများ လွတ်​မြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော်တန် မူးယစ်ဆေးများ သိမ်းဆည်းမိ​သော်လည်း တရားခံများ လွတ်​မြောက်

မိုင်းဆတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ​အောက်တိုဘာလ ၄ ရက်၊ ​နေ့လယ်ပိုင်းတွင် မိုင်းဆတ်မြို့၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ တန့်ဆိုင်ကျေးရွာအနီး၌ သတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းမိ​သော်လည်း တရားခံများမှာ ထွက်​ပြေး လွတ်​မြောက်သွားကြောင်း သိရသည်။

.


တန့်ဆိုင်-မိုင်းဆတ်သွား ကားလမ်းအတိုင်း မောင်းနှင်လာသည့်  Vigo အမျိုးအစားမော်တော်ယာဉ်အား တွေ့ရှိသဖြင့် စစ်ဆေးရန်လုံခြုံ​ရေး တပ်ဖွဲ့ဝင်များက တားဆီးစဉ် ကားပေါ်မှ လူငယ် ၂ ဦးသည် မော်တော်ယာဉ်အားရပ်တန့်၍ ထွက်ပြေး လွတ်​မြောက် သွားခဲ့ခြင်း ဖြစ်​ကြောင်း တပ်မ​တော်သတင်းမှန်ပြန်ကြား​ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

.

အဆိုပါ မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်ပေါ်၌ ဆာလာအိတ် ၂၀ အိတ်အတွင်းမှ  အိုက်စ် ၅၀၀ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀ ဘီလီယံခန့်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့​ပြီး သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို မိုင်းဆတ်မြို့၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About