ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာများ၊ ဝန်ထမ်းများ၊ စာသင်သားများအားလုံး အပြင်မထွက်ရန် ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာများ၊ ဝန်ထမ်းများ၊ စာသင်သားများအားလုံး အပြင်မထွက်ရန် ညွှန်ကြား

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်ရှိ အမှုဆောင်သံဃာတော်များ၊ သင်ကြားရေးဌာန၊ စီမံရေးရာဌနမှ အဖွဲ့ဝင်ဝန်ထမ်းများ၊ စာသင်သားများ အားလုံး ရပ်ကွက်၊ ကျေးရွာ၊ လူစုလူဝေး မြို့တွင်းအရပ်သို့ ထွက်ခွာခြင်း မပြုရန် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ က လက်မှတ်ရေးထိုး၍ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ညွှန်ကြား ထားသည် ဟု သိရသည်။

.

.

COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်၊ ဘေးကင်လုံခြုံမှုရှိစေရန်အတွက် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဖြစ်မနေ အရေးပေါ်ကိစ္စများ ရှိပါက ဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေးရုံးသို့ အကြောင်းကြား ဆောင်ရွက်ရန်နှင့် မဖြစ်မနေ အရေးကြီးကိစ္စများ ပေါ်ပေါက်လာ၍ ညဉ့်အိပ်ညနေ ခရီးသွားလာပြီး ပြန်လာပါက သီးသန့် Quarantine ၂၁ ရက် နေထိုင်ရမည်ဖြစ်ကာ ယင်းထုတ်ပြန်ချက်သည် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။

.

ယခုအခါ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး သေဆုံးသူအရေအတွက် လည်း တိုးလာနေသည့်အတွက် ရောဂါ ကူးစက်မှုမှာ ကာကွယ်နိုင်ရန် တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်း အချို့ တွင်လည်း အဝင်အထွက် ပိတ်ပင်ခြင်း (Lockdown) များ ပြုလုပ်လာနေကြကြောင်း သိရသည်။

.

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိက ဗုဒ္ဓ သာသနာ ပျံ့ပွားတိုးတက်စေရန် ဆိုသည့် မွန်မြတ်သော ရည်ရွယ် ချက်ဖြင့် ရှမ်းပြည်နယ်၊ တောင် ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင် ကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

.

လက်ရှိတွင် ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်၌ ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ် များ မွေးထုတ် ပေးနိုင်ရန်အတွက် ပါရဂူတန်းနှင့် ဘွဲ့လွန်မဟာတန်းများ သတ်မှတ်ကာ ဋ္ဌာန ၆ ခုဖြင့် အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပြီး၊ နိုင်ငံတကာမှ သံဃာတော်များ၊ သီလရှင်များနှင့် ကျောင်းသား ၊ ကျောင်းသူများ လာရောက်ပညာ သင်ယူလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats