ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 19, 2020

ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

မိုင်းထွန်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီ အောင်သည်အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တိုက်ပွဲရှောင် ကော်မတီတာဝန်ရှိသူများနှင့်အတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် နောင်ပိန်ကျေးရွာရှိ ဒေါ်ကြည်အေး၏ နေအိမ်တွင် တိုက်ပွဲရှောင်များရှိရာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသအခြေအနေများကို မေးမြန်းကာ အားပေးစကား ပြောကြားခဲ့ပြီး တိုက်ပွဲရှောင်အိမ်ထောင်စု ၁၀၁၄ စု၊ လူဦးရေ ၃၄၄၀ ဦးအတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် တန်ဖိုးငွေကျပ် ၈၄ သိန်းကျော်တန်ဖိုးရှိ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာဘူး များနှင့်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန် ၃၉၃ အိတ်တို့ကို သက်ဆိုင်ရာ‌ ကျေးရွာအုပ်ချုပ်ရေးမှူးများအား လွဲပြောင်းပေးအပ်ခဲ့သည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်ရှောင်ပြည်သူများခိုလှုံခဲ့ရာ ပုံဝိုး‌ကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ တောင်ထိပ်ကျေးရွာဘုန်းကြီးကျောင်းနှင့် နမ့်မဟင် ကျေးရွာသို့ သွားရောက်၍ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

.

ကျောက်မဲ မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်း ၁၀ ခုမှ စစ်ဘေးရှောင်ပြည်သူ ၃၄၄၀ ဦး ရှိနေပြီး ဒေသအခြေအနေ အေးချမ်းပြီဖြစ်သောကြောင့် အဆိုပါ စစ်ဘေးရှောင်များထဲမှ ၉၀ ရာခိုင်နှုန်းခန့်သည်  အောက်တိုဘာ ၁၇ ရက်နေ့က ၎င်းတို့၏ နေအိမ်သို့ ပြန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများသည် နေအိမ်သို့ ပြန်သွားခဲ့သည့် စစ်ရှောင်ပြည်သူများ စားသောက်ရေးအဆင်ပြေ စေရန် ရည်ရွယ်ထောက်ပံ့ပေးခြင်းဖြစ်သည့်အတွက် ‌ယင်း ထောက်ပံ့ ထားသည့် ရိက္ခာများကို ကျေးရွာအုပ်‌ချုပ်ရေးမှူး များကသက်ဆိုင်ရာ စစ်ရှောင်ပြည်သူများ ၏ လက်ဝယ်‌အရောက် ပြန်လည်ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About