အင်းလေးဒေသ၊ ရေဗြုန်ရေထွက်မှ ရေသွယ်ဖြန့်ဝေပေးနေသည့် ရေပိုက်နှင့် မော်တာများ ပြုပြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

အင်းလေးဒေသ၊ ရေဗြုန်ရေထွက်မှ ရေသွယ်ဖြန့်ဝေပေးနေသည့် ရေပိုက်နှင့် မော်တာများ ပြုပြင်

ကမ္ဘောဇတိုင်း

.

တောင်ကြီးခရိုင်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေကောင်းရေသန့် ရရှိရေးအတွက် ရေဗြုန် ရေထွက်မှ ရေသွယ်ဖြန့်ဝေပေးနေသည့် ရေပိုက်များ၊ ရေမော်တော်များအား ပြန်လည်ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.


.

အဆိုပါ လုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း ရေဗြုန်ရေထွက်မှ ရေသွယ်ယူခြင်းကို ၂၀၁၄ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Terra People Association (TPA) အဖွဲ့တို့ ပူးပေါင်း၍ ငွေကျပ် ၅၆၅ ဒသမ ၂၀၅ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အင်းလေးဒေသ ကျေးရွာများသို့ ရေသွယ်ယူထားသည့် ၆ လက်မ ရေပိုက်လိုက်များ ပျက်စီးခြင်း၊ ရေဘားများ ပျက်စီးခြင်း၊ မော်တာနှင့် ရေတင်ပန့်များ ပျက်စီးနေခြင်းကြောင့် ပြန်လည်ပြုပြင်ပေးရန် ရေပေးဝေရေးကော်မတီ၏ တင်ပြချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) ၏ အနီးကပ်ကြီးကြပ်မှု၊ ရေပေးတေရေးကော်မတီနှင့် ကျေးရွာလူထု ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညောင်ရွှေမြို့နယ်၊ ကန်ခေါင်း ကျေးရွာနှင့် အင်းပေါခုံကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာမှ အိမ်ခြေ ၄၆၀ ခန့် ရေကောင်းရေသန့် အသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About